ဆန္ဒပြပွဲတွေကြောင့် အီရတ် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

0
13

ဆန္ဒပြမှုတွေရှိနေချိန်မှာပဲ အီရတ်ဝန်ကြီးချုပ် အဒူလ် မက်ဒီ ဟာ ရာထူးက နုတ်ထွက်ဖို့ လွှတ်တော်ကို တင်ပြတောင်းဆိုလိုက်တယ်လို့ အယ်ဂျာဇီးယား သတင်းဌာနကဖော်ပြပါတယ်။

ရှီယိုက်ဘာသာရေး ခေါင်းဆောင် အလီ အယ်ဆစ်တာနီ က ရာထူးထွက်ဖို့ တောင်းဆိုခဲ့ပြီးနောက် ဝန်ကြီးချုပ် မက်ဒီ ဟာ ရာထူးကနုတ်ထွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ အီရတ် ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ မက်ဒီဟာ ဝန်ကြီးချုပ် အဖြစ်တာဝန်ယူပြီးနောက် တစ်နှစ်ကျော်အကြာမှာပဲ ရာထူးကထွက်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ အယ်လ်ဂျာဇီးယားသတင်းကဖော်ပြပါတယ်။



ဆန္ဒပြမှုတွေရှိနေချိန်မှာပဲ  အီရတ်ဝန်ကြီးချုပ် အဒူလ် မက်ဒီ ဟာ ရာထူးက နုတ်ထွက်ဖို့ လွှတ်တော်ကို တင်ပြတောင်းဆိုလိုက်တယ်လို့ အယ်ဂျာဇီးယား သတင်းဌာနကဖော်ပြပါတယ်။ 

ရှီယိုက်ဘာသာရေး ခေါင်းဆောင် အလီ အယ်ဆစ်တာနီ က ရာထူးထွက်ဖို့ တောင်းဆိုခဲ့ပြီးနောက်  ဝန်ကြီးချုပ် မက်ဒီ ဟာ ရာထူးကနုတ်ထွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ အီရတ် ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ မက်ဒီဟာ ဝန်ကြီးချုပ် အဖြစ်တာဝန်ယူပြီးနောက် တစ်နှစ်ကျော်အကြာမှာပဲ ရာထူးကထွက်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့   အယ်လ်ဂျာဇီးယားသတင်းကဖော်ပြပါတယ်။

အီရတ်နိုင်ငံမှာ  ဆန္ဒပြပွဲ အရှိန်တဖြည်းဖြည်းမြင့်တက်ခဲ့ရာ ရဲတွေရဲ့ ဖြိုခွင်းမှုကြောင့် ၂ လ ကျော်အတွင်း လူ ၄၀၀ ကျော် သေဆုံးထားတယ်လို့ လူအခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အလုပ်ကိုင်အခွင့်လမ်းပိုမိုကောင်းဖို့၊ အဂတိလိုက်စားမှုရပ်တန်ဖို့နဲ့ အစိုးရဝန်ဆောင်မှုပိုမိုကောင်းမွန်စေဖို့  အီရတ်နိုင်ငံတဝှမ်းမှာ အောက်တိုဘာလက စတင်ပြီး ဆန္ဒပြပွဲတွေဖြစ်နေပါတယ်။