
0
823


 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းဟာ ဆေးခြောက်ကို ပထဆုံး ခွင့်ပြုတဲ့ အာရှနိုင်ငံ ဖြစ်လာဖွယ်ရှိ

ထိုင်းနိုင်ငံမှာ ဆေးဝါးနဲ့ သုတေသန လုပ်ငန်းတွေအတွက် ဆေးခြောက်စိုက်ပျိုးမှုကို တရားဝင် ခွင့်ပြုသွားဖွယ်ရှိရာ အာရှနိုင်ငံတွေထဲမှာ ဆေးခြောက်ကို တရားဝင် စိုက်ပျိုးခွင့်ပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။

ကနေဒါ၊ သြစတေးလျ၊ အစ္စရေးနဲ့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ထက်ဝက်ကျော်မှာတော့ ဆေးခြောက်ကို ဆေးဝါးနဲ့ သုတေသနအတွက် ခွင့်ပြု လက်ခံထားကြပါတယ်။

အမေရိကန်နိုင်ငံ အခြေစိုက် ဂရဲန်းဒ်ဗျူး သုတေသန အဖွဲ့ကတော့ ထိုင်းနိုင်ငံအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဈေးကွက်အတွင်း စိုက်ပျိုးထုတ်လုပ်မှုကနေ အမေရိကန်ဒေါ်လာ ၅၅ ဒဿမ ၈ သန်းအထိ ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အကန့်အသတ်နဲ့သာ အသုံးပြုရမယ့် ဥပဒေ မူကြမ်းကိုတော့ လွှတ်တော်ကို တင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)