သတ္မွတ္ႏႈန္းထက္ ေသြးထဲမွာ အရက္ ၁၀ ဆ ပိုမ်ားေနတဲ့ ဂ်ပန္ ေလယာဥ္မွဴး အဖမ္းခံရ

0
1031

ဂ်ပန္ေလေၾကာင္းလိုင္း (JAL)က ေလယာဥ္မွဴး တစ္ဦးဟာ ေလယာဥ္မွဴးေတြအတြက္ ဥပေဒအရ သတ္မွတ္ထားတဲ့ ေသြးထဲမွာ အရက္ပါဝင္ႏႈန္းထက္ ၁၀ ဆေက်ာ္ ပိုမ်ားေနတဲ့အတြက္ ေလယာဥ္မပ်ံသန္းခင္ ၿဗိတိန္ရဲေတြက ဖမ္းဆီးလိုက္ပါတယ္။

တျခား ဂ်ပန္ေလယာဥ္မွဴးတစ္ဦးလည္း အရက္နာက်ေနလို႔ ေလယာဥ္ထြက္တာ ေနာက္က်လို႔ ေတာင္းပန္ရၿပီး ေနာက္တစ္ရက္အၾကာမွာ အခုလို ျဖစ္တာ ျဖစ္ပါတယ္။ ေအာက္တိုဘာ ၂၈ ရက္ေန႔မွာ တြဲဖက္ ေလယာဥ္မွဴး ကာဆုတိုရွီ ဂ်ီဆုကာဝါ (၄၂ ႏွစ္) ဟာ အသက္႐ႈႏႈန္း စစ္ေဆးမႈမွာ ေအာင္ျမင္ခဲ့ေပမယ့္ သူ႔ကို ဟီးသ႐ိုးေလဆိပ္ဆီ လိုက္လံပို႔ေဆာင္တဲ့ ဘတ္စ္ကား ယာဥ္ေမာင္းက မသကၤာလို႔ ရဲကို အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

အခု ေသြးထဲမွာ အရက္ပါဝင္ႏႈန္း မ်ားေနတဲ့ရလဒ္ကို အတည္ျပဳဖို႔ ေနာက္ထပ္ ေသြးစစ္ရဦးမွာျဖစ္ၿပီး ေလာလာဆယ္ေတာ့ ဂ်ပန္ တြဲဖက္ေလယာဥ္မွဴးကို ၿဗိတိန္ရဲက ဖမ္းဆီးထားပါတယ္။ ဂ်ီဆုကာဝါဟာ ေလယာဥ္ ေမာင္းရမယ့္ေန႔ မတိုင္ခင္ ညက ဝိုင္ ႏွစ္ပုလင္းနဲ႔ ဘီယာ ၁ ဒသမ ၈ လီတာ ေသာက္ခဲ့တယ္လို႔ ဆိုပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတ်မှတ်နှုန်းထက် သွေးထဲမှာ အရက် ၁၀ ဆ ပိုများနေတဲ့ ဂျပန် လေယာဉ်မှူး အဖမ်းခံရ

ဂျပန်လေကြောင်းလိုင်း (JAL)က လေယာဉ်မှူး တစ်ဦးဟာ လေယာဉ်မှူးတွေအတွက် ဥပဒေအရ သတ်မှတ်ထားတဲ့ သွေးထဲမှာ အရက်ပါဝင်နှုန်းထက် ၁၀ ဆကျော် ပိုများနေတဲ့အတွက် လေယာဉ်မပျံသန်းခင် ဗြိတိန်ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

တခြား ဂျပန်လေယာဉ်မှူးတစ်ဦးလည်း အရက်နာကျနေလို့ လေယာဉ်ထွက်တာ နောက်ကျလို့ တောင်းပန်ရပြီး နောက်တစ်ရက်အကြာမှာ အခုလို ဖြစ်တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့မှာ တွဲဖက် လေယာဉ်မှူး ကာဆုတိုရှီ ဂျီဆုကာဝါ (၄၂ နှစ်) ဟာ အသက်ရှုနှုန်း စစ်ဆေးမှုမှာ အောင်မြင်ခဲ့ပေမယ့် သူ့ကို ဟီးသရိုးလေဆိပ်ဆီ လိုက်လံပို့ဆောင်တဲ့ ဘတ်စ်ကား ယာဉ်မောင်းက မသင်္ကာလို့ ရဲကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

အခု သွေးထဲမှာ အရက်ပါဝင်နှုန်း များနေတဲ့ရလဒ်ကို အတည်ပြုဖို့ နောက်ထပ် သွေးစစ်ရဦးမှာဖြစ်ပြီး လောလာဆယ်တော့ ဂျပန် တွဲဖက်လေယာဉ်မှူးကို ဗြိတိန်ရဲက ဖမ်းဆီးထားပါတယ်။ ဂျီဆုကာဝါဟာ လေယာဉ် မောင်းရမယ့်နေ့ မတိုင်ခင် ညက ဝိုင် နှစ်ပုလင်းနဲ့ ဘီယာ ၁ ဒသမ ၈ လီတာ သောက်ခဲ့တယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)