လူမ်ိဳးေရးခြဲျခားေျပာဆိုလို႔ Sky News အစီအစဥ္ တင္ဆက္သူကို အလုပ္ထုတ္

0
860

Sky News ၾသစေၾတးလ် ႐ုပ္သံလိုင္းက အစီအစဥ္ တင္ဆက္သူ ေရာ့စ္ ကင္မရြန္ကို အလုပ္က ထုတ္ပယ္လိုက္ပါတယ္။

ၾသစေၾတးလ် ေထာက္လွမ္းေရးကြန္ရက္ကို တ႐ုတ္က ထိုးေဖာက္ဖို႔ ႀကိဳးစားတယ္ဆိုတာကို ျငင္းဆိုေၾကာင္း အစီအစဥ္ တင္ဆက္စဥ္အတြင္း တ႐ုတ္လူမ်ိဳးေတြအေၾကာင္း ေျပာရာမွာ “အနက္ေရာင္ ဆံပင္၊ မ်က္လံုးေမွးေမွး၊ အဝါေရာင္အသားအရည္” လို႔ ေျပာဆိုခဲ့တဲ့အတြက္ ျဖစ္ပါတယ္။

Outsiders ဆိုတဲ့ သူရဲ႕ ပူးတြဲတင္ဆက္မႈအတြင္ ေျပာဆိုမႈကို ပရိသတ္ေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြက အျပင္းအထန္ ေဝဖန္ခဲ့ၾကပါတယ္။ အစီအစဥ္အတြင္းမွာ လူဦးေရ ၁ ဒသမ ၄ ဘီလီယံ ရွိတဲ့ တ႐ုတ္ႏိုင္ငံဟာ ကမာၻ႔လူဦးေရရဲ႕ ေျခာက္ပံု တစ္ပံုရွိေၾကာင္း၊ သူတို႔ေတြ အဂၤလိပ္စာ ေလ့လာေနၾကေၾကာင္းလည္း ကင္မရြန္းက ေျပာခဲ့ပါတယ္။

ကင္မရြန္ကေတာ့ သူဟာ တ႐ုတ္ရဲ႕ ရွည္ၾကာၿပီျဖစ္တဲ့ ယဥ္ေက်းမႈအေၾကာင္းကို ေျပာခ်င္တာသာ ျဖစ္တယ္လို႔ ကာကြယ္ေျပာဆိုခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူမျိုးရေးခွဲခြားပြောဆိုလို့ Sky News အစီအစဉ် တင်ဆက်သူကို အလုပ်ထုတ်

Sky News သြစတြေးလျ ရုပ်သံလိုင်းက အစီအစဉ် တင်ဆက်သူ ရော့စ် ကင်မရွန်ကို အလုပ်က ထုတ်ပယ်လိုက်ပါတယ်။

သြစတြေးလျ ထောက်လှမ်းရေးကွန်ရက်ကို တရုတ်က ထိုးဖောက်ဖို့ ကြိုးစားတယ်ဆိုတာကို ငြင်းဆိုကြောင်း အစီအစဉ် တင်ဆက်စဉ်အတွင်း တရုတ်လူမျိုးတွေအကြောင်း ပြောရာမှာ “အနက်ရောင် ဆံပင်၊ မျက်လုံးမှေးမှေး၊ အဝါရောင်အသားအရည်” လို့ ပြောဆိုခဲ့တဲ့အတွက် ဖြစ်ပါတယ်။

Outsiders ဆိုတဲ့ သူရဲ့ ပူးတွဲတင်ဆက်မှုအတွင် ပြောဆိုမှုကို ပရိသတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ အစီအစဉ်အတွင်းမှာ လူဦးရေ ၁ ဒသမ ၄ ဘီလီယံ ရှိတဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာ့လူဦးရေရဲ့ ခြောက်ပုံ တစ်ပုံရှိကြောင်း၊ သူတို့တွေ အင်္ဂလိပ်စာ လေ့လာနေကြကြောင်းလည်း ကင်မရွန်းက ပြောခဲ့ပါတယ်။

ကင်မရွန်ကတော့ သူဟာ တရုတ်ရဲ့ ရှည်ကြာပြီဖြစ်တဲ့ ယဉ်ကျေးမှုအကြောင်းကို ပြောချင်တာသာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)