လူကုန္ကူးမႈနဲ႔ ပတ္သက္လို႔ ႏိုင္ငံျခားသား ၃ ေထာင္ခန္႔ ကူဝိတ္ဖမ္းဆီးမယ္

0
215

အႀကီးမားဆံုး လူကုန္ကူးမႈ ႏွိမ္နင္းေရးအျဖစ္ ႏိုင္ငံျခားသား ၂၉၀၀ ခန္႔ကို ဖမ္းဆီးဖို႔ ကူဝိတ္ ျပည္ထဲေရး ဝန္ႀကီးဌာနက အမိန္႔ထုတ္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ ရက္အနည္းက လူ ၉၀ ခန္႔ကို ဖမ္းဆီးစစ္ေဆးရာမွာ အစိုးရေအဂ်င္စီ အမ်ိဳးမ်ိဳးနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ကုမၸဏီအတုအေယာင္ေတြကို ပိုက္ဆံေပးၿပီး ကူဝိတ္ႏိုင္ငံမွာ တရားမဝင္ အလုပ္လုပ္ကိုင္ဖို႔ ႏိုင္ငံျခားသား အလုပ္သမားေတြကို ေခၚေဆာင္ခဲ့တယ္လို႔ ထြက္ဆိုခဲ့ၾကပါတယ္။

ဖမ္းဆီးစစ္ေဆးသူေတြအနက္ ဗီဇာအတု ကိုင္ေဆာင္ထားတဲ့ အလုပ္သမား ၃ ေထာင္ကို ေခၚယူခဲ့သူ ကုမၸဏီပိုင္ရွင္ သံုးဦးကို အာမခံေပးခဲ့ပါတယ္။ ဗီဇာအတုနဲ႔ အလုပ္သမား သြင္းဖို႔ ႀကိဳးကိုင္တဲ့ ဆီးရီးယားတစ္ဦး၊ ကုမၸဏီအတု သံုးခုအတြက္ အစိုးရေအဂ်င္စီ ေထာက္ခံခ်က္ရေအာင္ လုပ္ေပးသူ တစ္ဦးတို႔ကို ဆက္လက္ ဖမ္းဆီးထားပါတယ္။ ဗီဇာအတုေတြ ကိုင္ေဆာင္ၿပီး တရားမဝင္ အလုပ္လုပ္ေနတဲ့ ႏိုင္ငံျခားသား အလုပ္သမားေတြကိုလည္း ဖမ္းဆီးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူကုန်ကူးမှုနဲ့ ပတ်သက်လို့ နိုင်ငံခြားသား ၃ ထောင်ခန့် ကူဝိတ်ဖမ်းဆီးမယ်

အကြီးမားဆုံး လူကုန်ကူးမှု နှိမ်နင်းရေးအဖြစ် နိုင်ငံခြားသား ၂၉၀ဝ ခန့်ကို ဖမ်းဆီးဖို့ ကူဝိတ် ပြည်ထဲရေး ဝန်ကြီးဌာနက အမိန့်ထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းက လူ ၉၀ ခန့်ကို ဖမ်းဆီးစစ်ဆေးရာမှာ အစိုးရအေဂျင်စီ အမျိုးမျိုးနဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီအတုအယောင်တွေကို ပိုက်ဆံပေးပြီး ကူဝိတ်နိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်ဖို့ နိုင်ငံခြားသား အလုပ်သမားတွေကို ခေါ်ဆောင်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

ဖမ်းဆီးစစ်ဆေးသူတွေအနက် ဗီဇာအတု ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၃ ထောင်ကို ခေါ်ယူခဲ့သူ ကုမ္ပဏီပိုင်ရှင် သုံးဦးကို အာမခံပေးခဲ့ပါတယ်။ ဗီဇာအတုနဲ့ အလုပ်သမား သွင်းဖို့ ကြိုးကိုင်တဲ့ ဆီးရီးယားတစ်ဦး၊ ကုမ္ပဏီအတု သုံးခုအတွက် အစိုးရအေဂျင်စီ ထောက်ခံချက်ရအောင် လုပ်ပေးသူ တစ်ဦးတို့ကို ဆက်လက် ဖမ်းဆီးထားပါတယ်။ ဗီဇာအတုတွေ ကိုင်ဆောင်ပြီး တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကိုလည်း ဖမ်းဆီးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)