
0
383




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသံတိတ် လူသတ်သမား နမိုးနီးယားကြောင့် တစ်နှစ်ကို ကလေး တစ်သန်း သေဆုံး

ဆေးကုမ္ပဏီတွေရဲ့ မူပိုင်ခွင့်နဲ့ ပိုင်ဆိုင်ခွင့် တားမြစ်မှုတွေကြောင့် တစ်နှစ်ကို နမိုးနီးယား အဆုတ်ရောင် ရောဂါနဲ့ ကလေးငယ် တစ်သန်း သေဆုံးနေတယ်လို့ Save the Children ရဲ့ လေ့လာမှုက ဖော်ပြပါတယ်။

နမိုးနီးယား အဆုတ်ရောင် ရောဂါကြောင့် မိနစ်တိုင်းမှာ ကလေးငယ် နှစ်ဦးနှုန်း သေဆုံးနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရောဂါ ခုခံနိုင်စွမ်းကို လေ့လာဖို့ ရန်ပုံငွေတွေ လိုအပ်နေကြောင်း၊ ဆေးဝါးတွေရဲ့ ဈေးနှုန်းလည်း လျှော့ချသင့်ကြောင်း၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ အဆင့်မရောက်ခင် ကုသနိုင်ရေး ဆေးပစ္စည်းတွေ အလုံအလောက် လိုအပ်ကြောင်းလည်း အစီရင်ခံစာက အကြံပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)