
0
498




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် သစ်တောထဲမှာ အဖြူရောင် ဆတ်ငယ်တစ်ကောင် တွေ့ရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက သစ်တောတစ်ခုအတွင်း အဖြူရောင် ဆတ်သားပေါက်လေး တစ်ကောင်ကို တပ်ဆင်ထားတဲ့ ကင်မရာတွေမှာ ပထမဆုံး တွေ့ရှိခဲ့ကြပါတယ်။

ဖမ်းယူရရှိထားတဲ့ ဗီဒီယိုဖိုင်တွေအရ တခြား အနီရောင်ရှိတဲ့ ဆတ်တွေကြားမှာ အဖြူရောင် ဆတ်တစ်ကောင် သွားလာလှုပ်ရှားနေတာကို မြင်တွေ့ခဲ့ရတာပါ။ တခြားဆတ်တွေကြားမှာ အဖြူရောင် ဆတ်သားပေါက်လေး အပေါ် ကြင်ကြင်နာနာ ရှိကြတာလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီအဖြူရောင်ဆတ်သားပေါက်လေးဟာ တခြားသားပေါက်တွေထက် ပိုသေးငယ်ပြီး မိခင်နို့ကိုသာ စို့လေ့ရှိတာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ အဖြူရောင် ဆတ်သားပေါက်လေးကို ပြီးခဲ့တဲ့ ဇူလိုင်လက မွေးဖွားခဲ့တာဖြစ်ပြီး ၃ လသားအရွယ်သာ ရှိပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)