
0
297




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားသမ္မတ ပူတင် အီရန်ကို အလည်အပတ် ရောက်ရှိ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အီရန်နိုင်ငံကို မနေ့က နိုဝင်ဘာ ၁ ရက်နေ့မှာ ရောက်ရှိနေပြီး ဆီးရီးယား အကျပ်အတည်း၊ အီရန် နျူကလီးယာ အစီအစဉ်၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ပူတင်ဟာ အီရန်သမ္မတ ဟက်ဆန် ရိုဟာနီ၊ အီရန်ကို အလည်အပတ်ရောက်ရှိနေတဲ့ အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ် အလီယေ့ဗ်တို့နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

သမ္မတ ပူတင်ဟာ အီရန် ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အီရန်ကို သမ္မတ ပူတင် နောက်ဆုံးအခေါက် ရောက်ရှိတာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)