ဘင္လာဒင္ဆီက သိမ္းဆည္းရမိတဲ့ ဖိုင္ ၄ သိန္းေက်ာ္ CIA ထုတ္ျပန္

0
263

အယ္လ္ေကးဒါး ေခါင္းေဆာင္ အိုစမာ ဘင္လာဒင္ကို သတ္ျဖတ္စဥ္က သိမ္းဆည္းရမိတဲ့ ဖိုင္ေပါင္း ၄ သိန္း ၇ ေသာင္းကို အေမရိကန္   ဗဟိုေထာက္လွမ္းေရး ေအဂ်င္စီ (CIA) က ထုတ္ျပန္လိုက္ပါတယ္။

CIA က ေနာက္ဆံုး ထုတ္ျပန္လိုက္တဲ့ ဖိုင္ေတြထဲမွာ ဘင္လာဒင္ရဲ႕ ကိုယ္ေရးကိုယ္တာ ဒိုင္ယာရီ၊ စာရြက္စာတမ္း၊ အသံဖိုင္၊ ဗီဒီယိုဖိုင္ေတြ ပါဝင္ပါတယ္။ ဗီဒီယိုဖိုင္တစ္ခုက ဘင္လာဒင္ရဲ႕သား ဟမ္ဇာရဲ႕ မဂၤလာေဆာင္႐ုပ္သံဖိုင္ ျဖစ္ပါတယ္။

ပါကစၥတန္၊ အေဘာ့တာဘက္မွာ ပုန္းေနတဲ့ ဘင္လာဒင္ရဲ႕ အိမ္ကို စီးနင္းၿပီးေနာက္ သိမ္းဆည္းရမိတဲ့ စာရြက္စာတမ္းေတြနဲ႔ ပတ္သက္လို႔ CIA က ထုတ္ျပန္တာ အခုတစ္ေခါက္က ေလးႀကိမ္ေျမာက္ ျဖစ္ပါတယ္။ အမ်ိဳးသားလံုၿခံဳေရးကို ထိပါးေစမယ့္ ဖိုင္တခ်ိဳ႕ကိုေတာ့ လွ်ိဳ႕ဝွက္အျဖစ္ ထားရွိဆဲျဖစ္ေၾကာင္း CIA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်လာဒင်ဆီက သိမ်းဆည်းရမိတဲ့ ဖိုင်း ၄ သိန်းကျော် CIA ထုတ်ပြန်

အယ်လ်ကေးဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သတ်ဖြတ်စဉ်က သိမ်းဆည်းရမိတဲ့ ဖိုင်းပေါင်း ၄ သိန်း ၇ သောင်းကို အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) က ထုတ်ပြန်လိုက်ပါတယ်။

CIA က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ဖိုင်တွေထဲမှာ ဘင်လာဒင်ရဲ့ ကိုယ်ရေးကိုယ်တာ ဒိုင်ယာရီ၊ စာရွက်စာတမ်း၊ အသံဖိုင်၊ ဗီဒီယိုဖိုင်တွေ ပါဝင်ပါတယ်။ ဗီဒီယိုဖိုင်တစ်ခုက ဘင်လာဒင်ရဲ့သား ဟမ်ဇာရဲ့ မင်္ဂလာဆောင်ရုပ်သံဖိုင် ဖြစ်ပါတယ်။

ပါကစ္စတန်၊ အဘော့တာဘက်မှာ ပုန်းနေတဲ့ ဘင်လာဒင်ရဲ့ အိမ်ကို စီးနင်းပြီးနောက် သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်လို့ CIA က ထုတ်ပြန်တာ အခုတစ်ခေါက်က လေးကြိမ်မြောက် ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးကို ထိပါးစေမယ့် ဖိုင်တချို့ကိုတော့ လျှို့ဝှက်အဖြစ် ထားရှိဆဲဖြစ်ကြောင်း CIA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)