
0
294



ဓာတ်ငွေ့နဲ့ ပေါက်ထွက်လာတဲ့ အသံမျိုးကို ရုတ်တရက်ကြားရပြီးတဲ့နောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာလို့ National Thermal Power Corporation (NTPC) တာဝန်ရှိသူတွေက ပြောပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ ကျောက်မီးသွေးစက်ရုံ ပါက်ကွဲ ၂၂ ဦးသေ၊ ၁၀ဝ ကျော် ဒဏ်ရာရ

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်ရှိ ကျောက်မီးသွေး လျှစ်စစ်ဓာတ်အားပေးရုံ ဒီနေ့ နိုဝင်ဘာ ၂ ရက်နေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူပေါင်း ၂၂ ဦးသေဆုံးကာ ၁၀ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေထဲက ၁၀ ဦးကတော့ စိုးရိမ်ရပြီး အားလုံးကို ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ဓာတ်ငွေ့နဲ့ ပေါက်ထွက်လာတဲ့ အသံမျိူးကို ရုတ်တရက်ကြားရပြီးတဲ့နောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာလို့ National Thermal Power Corporation (NTPC) တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဟာ ဘွိုင်လာအိုးကနေ စတင်ဖြစ်ပွားခဲ့တာလို့ ကနဦး တွေ့ရှိချက်အရ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ သေဆုံးသွားခဲ့တဲ့ အလုပ်သမားတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးအပ်လိမ့်မယ်လို့ ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်ဝန်ကြီးချူပ် အဒိယာနသ် ယောဂိ က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)