
0
350





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗစ်တိုးရီးယား Secret ဖက်ရှင်ရှိုးပွဲကို ဒေါ်လာ ၂ သန်းတန် ဘရာနဲ့ တက်ရောက်တဲ့ ရီဘေရို

ဗစ်တိုးရီးယား Secret ၂၀၁၇ ခုနှစ် ဖက်ရှင်ရှိုးပွဲကို မော်ဒယ် အိန်ဂျယ် လိုင်းစ် ရီဘေရိုဟာ ဘရာစီယာကုမ္ပဏီက စီစဉ်ပေးထားတဲ့ ဘရာကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

အိန်ဂျယ် လိုင်းစ် ရီဘေရိုဟာ ဘရာဇီးမော်ဒယ်ဖြစ်ပြီး Champagne ဘရာကုမ္ပဏီက သူ့အတွက် အမေရိကန်ဒေါ်လာ ၂ သန်းတန် ဘရာကို ဆင်မြန်းပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဘရာမှာ စိန်ပွင့်တွေ၊ နီလာတွေ အလုံး ၆၀ဝ၀ နီးပါး တန်းဖိုးရှိပြီး ဘရာကို ဘယက်ပုံစံ အလှဆင်ကာ နာရီ ၃၅၀ ကြာ ဖန်တီးချုပ်လုပ်ထားတာ ဖြစ်ပါတယ်။

လာမဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ဒီနှစ်ရဲ့ ဖက်ရှင်ရှိုးပွဲတွေကို ထပ်မံကျင်း ပသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)