
0
1480





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပွဲဦးထွက် တေးအယ်လ်ဘမ် ထွက်ရှိမယ့် ယူရီ

တောင်ကိုရီးယား ကေပေါ့ပ်ဂီတလောကမှ နာမည်ရ အမျိုးသမီး တေးဂီတအဖွဲ့ Girls’ Generation က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ယူရီရဲ့ ပွဲဦးထွက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဟာ အောက်တိုဘာ ၄ ရက်မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

တေးအယ်လ်ဘမ်ခေါင်းစဉ်ကို “The First Scene” လို့ ပေးထားပြီး ယူရီရဲ့ အဖွဲ့လိုက် တေးသီချင်းများ ၁၁ နှစ်ကြာ သီဆိုပြီးမှ ပထမဆုံးအကြိမ် ဖြန့်ချိတဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ အဲဒီ အယ်ဘမ်မှာ တေးသီချင်းပေါင်း ခြောက်ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။

ယူရီဟာ အခုအခါ သီချင်းဆိုခြင်း သာမကဘဲ ရုပ်သံ ဒရာမာစီးရီးတွေနဲ့ ရုပ်ရှင်တွေမှာပါ သရုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)