အင္တာနက္ Search Engine မွာ ရွာဖို႔ အႏၱရာယ္အရွိဆံုး အမည္ ကင္မ္ကာဒက္ရွီယန္ ျဖစ္

0
969

အင္တာနက္ Search Engine မွာ ကိုယ္သိခ်င္တဲ့ ဆယ္လီဘရစ္တီရဲ႕ သတင္းေတြကို ရွာေဖြမယ္ရင္ အႏၱရာယ္ အရွိဆံုး အမည္က ကင္မ္ကာဒက္ရွီယန္ျဖစ္တယ္လို႔ ဆိုင္ဘာ လံုၿခံဳေရးကုမၸဏီတစ္ခုက ေျပာပါတယ္။

နာမည္ေက်ာ္ ႐ုပ္သံတင္ဆက္သူ ကင္မ္ဟာ ၂၀၁၈ ခုႏွစ္အတြက္ အင္တာနက္မွာ ရွာေဖြဖို႔ အႏၱရာယ္အမ်ားဆံုး နာမည္ျဖစ္ေၾကာင္း၊ သူနာမည္ကို ႐ိုက္ထည့္ ရွာေဖြမယ္ဆိုရင္ တျခားအႏၱရာယ္ရွိတဲ့ ဝက္ဘ္ဆိုက္ေတြနဲ႔ ခ်ိတ္ဆက္ေနေၾကာင္း မက္ခ္ဖီး (McAfee) ကုမၸဏီက ေျပာပါတယ္။

ဒုတိယ အႏၱရာယ္ အမ်ားဆံုးနာမည္က ဆူပါေမာ္ဒယ္ နာအိုမီ ကမ္းဘဲလ္ျဖစ္ၿပီး ကင္မ္ရဲ႕ ညီမ ကုတ္တေန ကာဒက္ရွီယန္က တတိယ ျဖစ္ပါတယ္။ အင္တာနက္မွာ ရွာေဖြဖို႔ အႏၱရာယ္အရွိဆံုး နာမည္ငါးခုထဲမွာ အဆိုေတာ္ အဒဲနဲ႔ လပ္ဖ္အိုက္စ္လန္တို႔လည္း ပါဝင္ပါတယ္။

မႏွစ္တုန္းက အႏၱရာယ္အမ်ားဆံုးျဖစ္ခဲ့တဲ့ အမည္ကေတာ့ အဂၤလိပ္အဆိုေတာ္ ကရိတ္ေဒးဗစ္ ျဖစ္ပါတယ္။ ဆိုင္ဘာ ရာဇဝတ္မႈ က်ဴးလြန္သူေတြဟာ ဆယ္လီဘရစ္တီေတြရဲ႕ အမည္နဲ႔ အႏၱရာယ္ေပးမယ့္ ဝက္ဘ္ဆိုက္ေတြကို လွည့္ဖ်ားၿပီး ခ်ိတ္ဆက္ထားတတ္တယ္လို႔ မက္ခ္ဖီးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်တာနက် Search Engine မှာ ရှာဖို့ အန္တရာယ်အရှိဆုံး အမည် ကင်မ်ကာဒက်ရှီယန် ဖြစ်

အင်တာနက် Search Engine မှာ ကိုယ်သိချင်တဲ့ ဆယ်လီဘရစ်တီရဲ့ သတင်းတွေကို ရှာဖွေမယ်ရင် အန္တရာယ် အရှိဆုံး အမည်က ကင်မ်ကာဒက်ရှီယန် ဖြစ်တယ်လို့ ဆိုင်ဘာ လုံခြုံရေး ကုမ္ပဏီ တစ်ခုက ပြောပါတယ်။

နာမည်ကျော် ရုပ်သံတင်ဆက်သူ ကင်မ်ဟာ ၂၀၁၈ ခုနှစ်အတွက် အင်တာနက်မှာ ရှာဖွေဖို့ အန္တရာယ်အများဆုံး နာမည်ဖြစ်ကြောင်း၊ သူနာမည်ကို ရိုက်ထည့် ရှာဖွေမယ်ဆိုရင် တခြားအန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ချိတ်ဆက်နေကြောင်း မက်ခ်ဖီး (McAfee) ကုမ္ပဏီက ပြောပါတယ်။

ဒုတိယ အန္တရာယ် အများဆုံးနာမည်က ဆူပါမော်ဒယ် နာအိုမီ ကမ်းဘဲလ်ဖြစ်ပြီး ကင်မ်ရဲ့ ညီမ ကုတ်တနေ ကာဒက်ရှီယန်က တတိယ ဖြစ်ပါတယ်။ အင်တာနက်မှာ ရှာဖွေဖို့ အန္တရာယ်အရှိဆုံး နာမည်ငါးခုထဲမှာ အဆိုတော် အဒဲနဲ့ လပ်ဖ်အိုက်စ်လန်တို့လည်း ပါဝင်ပါတယ်။

မနှစ်တုန်းက အန္တရာယ်အများဆုံးဖြစ်ခဲ့တဲ့ အမည်ကတော့ အင်္ဂလိပ်အဆိုတော် ကရိတ်ဒေးဗစ် ဖြစ်ပါတယ်။ ဆိုင်ဘာ ရာဇဝတ်မှု ကျူးလွန်သူတွေဟာ ဆယ်လီဘရစ်တီတွေရဲ့ အမည်နဲ့ အန္တရာယ်ပေးမယ့် ဝက်ဘ်ဆိုက်တွေကို လှည့်ဖျားပြီး ချိတ်ဆက်ထားတတ်တယ်လို့ မက်ခ်ဖီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)