
0
1587




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်နဲ့ လုပ်မယ့် လုံခြုံရေးဆွေးနွေးပွဲ တရုတ် ဖျက်သိမ်း

တရုတ်နိုင်ငံဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိန်းမက်တစ်အပါအဝင် အမေရိကန် အဆင့်မြင့်အရာရှိကြီးတွေနဲ့ လုပ်မယ့် လုံခြုံရေး အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန် တာဝန်ရှိသူက ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ဟာ အောက်တိုဘာလမှာ အဆင့်မြင့် အရာရှိကြီးတွေရဲ့ လုံခြုံရေး ဆွေးနွေးပွဲ လုပ်ဖို့ စီစဉ်ထားတာကို ဖျက်လိုက်တာပါ။

တရုတ် အရာရှိကြီး တစ်ဦးက တင်းမာမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်နေစရာ အကြောင်းမရှိကြောင်း ပြောခဲ့ပြီးနောက် မကြာမီမှာပဲ တရုတ်က အစည်းအဝေးကို ဖျက်လိုက်တာပါ။ အမေရိကန်ကတော့ အစည်းအဝေး ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်ပြုတာ မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)