ကေလးနဲ႔ လူငယ္ေတြ လူမႈကြန္ရက္ သံုးသင့္တဲ့ အခ်ိန္အတိုင္းအတာ ၿဗိတိန္ ေလ့လာ

0
1302

စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈဆိုးက်ိဳး ျဖစ္ေစမႈ တိုးျမင့္လာတဲ့အတြက္ လူမႈကြန္ရက္ အင္တာနက္ကို ကေလးနဲ႔ လူငယ္ေတြ အခ်ိန္ဘယ္ေလာက္ ၾကာၾကာ သံုးစြဲသင့္တယ္ဆိုတဲ့ လမ္းညႊန္ခ်က္ေတြ ခ်မွတ္ႏိုင္ေရး ေဆးပညာရွင္ေတြ ေလ့လာဖို႔ ၿဗိတိန္မွာ ညႊန္ၾကားထားပါတယ္။

ေသာက္သံုးသင့္တဲ့ အရက္ပမာဏကို သတ္မွတ္သလို လူမႈကြန္ရက္ အင္တာနက္ကိုလည္း ကေလးနဲ႔ လူငယ္ေတြ သံုးသင့္တဲ့ အခ်ိန္ကာလ အတိုင္းအတာ တရားဝင္ သတ္မွတ္ေပးႏိုင္ေရး ေလ့လာေဖာ္ထုတ္ၾကဖို႔ ၿဗိတိန္ ေဆးဘက္ပညာသည္ အႀကီးအကဲ ဆယ္လီ ဒါဗီးစ္ကို ညႊန္ၾကားထားတယ္လို႔ ၿဗိတိန္ က်န္းမာေရးဝန္ႀကီး မတ္ဟန္းကြတ္က ေျပာပါတယ္။

မႏွစ္က အေမရိကန္ရဲ႕ ေလ့လာခ်က္တစ္ရပ္မွာ အသက္ ၁၈ ႏွစ္ကေန ၂၄ ႏွစ္ၾကား လူမႈကြန္ရက္ အင္တာနက္ သံုးစြဲသူ ၄၁ ရာခိုင္ႏႈန္းဟာ ဝမ္းနည္းမႈ၊ စိတ္႐ႈပ္ေထြးမႈနဲ႔ စိတ္က်ေရာဂါေတြ ခံစားခဲ့ရတယ္လို႔ ေတြ႔ရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးနဲ့ လူငယ်တွေ လူမှုကွန်ရက် သုံးသင့်တဲ့ အချိန်အတိုင်းအတာ ဗြိတိန် လေ့လာ

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဆိုးကျိုး ဖြစ်စေမှု တိုးမြင့်လာတဲ့အတွက် လူမှုကွန်ရက် အင်တာနက်ကို ကလေးနဲ့ လူငယ်တွေ အချိန် ဘယ်လောက် ကြာကြာ သုံးစွဲသင့်တယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ ချမှတ်နိုင်ရေး ဆေးပညာရှင်တွေ လေ့လာဖို့ ဗြိတိန်မှာ ညွှန်ကြားထားပါတယ်။

သောက်သုံးသင့်တဲ့ အရက်ပမာဏကို သတ်မှတ်သလို လူမှုကွန်ရက် အင်တာနက်ကိုလည်း ကလေးနဲ့ လူငယ်တွေ သုံးသင့်တဲ့ အချိန်ကာလ အတိုင်းအတာ တရားဝင် သတ်မှတ်ပေးနိုင်ရေး လေ့လာဖော်ထုတ်ကြဖို့ ဗြိတိန် ဆေးဘက်ပညာသည် အကြီးအကဲ ဆယ်လီ ဒါဗီးစ်ကို ညွှန်ကြားထားတယ်လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ် ဟန်းကွတ်က ပြောပါတယ်။

မနှစ်က အမေရိကန်ရဲ့ လေ့လာချက် တစ်ရပ်မှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူမှုကွန်ရက် အင်တာနက် သုံးစွဲသူ ၄၁ ရာခိုင်နှုန်းဟာ ဝမ်းနည်းမှု၊ စိတ်ရှုပ်ထွေးမှုနဲ့ စိတ်ကျရောဂါတွေ ခံစားခဲ့ရတယ်လို့ တွေ့ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)