
0
399





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လပ်စ် ဗေးဂတ်စ် ပစ်ခတ်မှု ၂၀ ကျော်သေ၊ ၁၀ဝ ကျော် ဒဏ်ရာရ

အမေရိကန်၊ လပ်စ် ဗေးဂတ်စ် ဂီတဖျော်ဖြေပွဲအတွင်း အောက်တိုဘာ ၁ ရက်နေ့က သေနတ်နဲ့ အချက်ပေါင်း များစွာ ပစ်ခတ်မှုကြောင့် ၂၀ ကျော် သေဆုံးပြီး လူ ၁၀ဝ ကျော် ဒဏ်ရာရတယ်လို့ လပ်စ် ဗေးဂတ်စ် ရဲ့ ပြောပါတယ်။

ဂီတပွဲအနီး ဟိုတယ် ၃၂ ထပ်ကနေ ပစ်ခတ်နေတဲ့ သေနတ်သမားကို ရဲက ပစ်သတ်လိုက်ပါတယ်။ သေနတ်သမားဟာ ဒေသခံတစ်ဦးဖြစ်တယ်လို့ ရဲက ပြောပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။

ဂီတပွဲတော် လာရောက်သူတွေက ဖျော်ဖြေပွဲအနီးရှိ မန်ဒလေး ဘေ ဟိုတယ်ပေါ်ကနေ မီးပွင့်ထွက်တဲ့ အရောင်တွေ တွေ့ရတယ်လို့ ပြောကြပါတယ်။

ပစ်ခတ်မှုတွေကြောင့် လပ်စ် ဗေးဂတ်စ်ရှိ မက်ခ်ကာရန် နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်မယ့် လေယာဉ်တွေလည်း လမ်းကြောင်းပြောင်းပြီး နီးစပ်ရာ လေဆိပ်မှာ ဆင်းသက်ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)