အတိုက္အခံေတြကို ၿမိဳ႕ေပၚက သူပုန္လို႔ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ေျပာ

0
356

အတိုက္အခံပါတီ ေခါင္းေဆာင္ေတြကို ၿမိဳ႕ေပၚက သူပုန္လို႔ ကေမာၻဒီယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က တိုက္ခိုက္ ေျပာဆိုလိုက္ၿပီးေနာက္ အတိုက္အခံေတြ ထပ္မံ ဖမ္းဆီးမႈေတြ လုပ္လိမ့္မယ္လို႔ သံုးသပ္ေနၾကပါတယ္။

ေနာက္ႏွစ္ ေရြးေကာက္ပြဲ မတိုင္ခင္ အတိုက္အခံ ႏိုင္ငံေရးပါတီေတြ၊ မီဒီယာနဲ႔ အရပ္ဖက္ အဖြဲ႔အစည္းေတြကို မစၥတာ ဟြန္ဆန္က         ႏွိပ္ကြပ္ေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လမွာ အာဏာပိုင္ေတြက ကေမာၻဒီးယား အမ်ိဳးသားကယ္ဆယ္ေရး ပါတီ (CNRP) ေခါင္းေဆာင္ ကမ္ ေဆာခကို ဖမ္းဆီးၿပီး   အေမရိကန္ အကူအညီနဲ႔ အာဏာရယူဖို႔ ႀကိဳးပမ္းတယ္ဆိုကာ ႏိုင္ငံေတာ္ သစၥာေဖာက္မႈနဲ႔ စြဲခ်က္ တင္ထားပါတယ္။ အေမရိကန္ သံ႐ံုးကေတာ့ စြပ္စြဲခ်က္ေတြကို ပယ္ခ်ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ႏွိပ္ကြပ္မႈေတြေၾကာင့္ လႊတ္ေတာ္ထဲက CNRP အမတ္ ထက္ဝက္ေလာက္ဟာ တိုင္းျပည္ကေန ထြက္ေျပးသြားၿပီလို႔ CNRP က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အတိုက်အခံတွေကို မြို့ပေါ်က သူပုန်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော

အတိုက်အခံပါတီ ခေါင်းဆောင်တွေကို မြို့ပေါ်က သူပုန်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က တိုက်ခိုက် ပြောဆိုလိုက်ပြီးနောက် အတိုက်အခံတွေ ထပ်မံ ဖမ်းဆီးမှုတွေ လုပ်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

နောက်နှစ် ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ မီဒီယာနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို မစ္စတာ ဟွန်ဆန်က နှိပ်ကွပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လမှာ အာဏာပိုင်တွေက ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေး ပါတီ (CNRP) ခေါင်းဆောင် ကမ် ဆောခကို ဖမ်းဆီးပြီး အမေရိကန် အကူအညီနဲ့ အာဏာရယူဖို့ ကြိုးပမ်းတယ်ဆိုကာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲချက် တင်ထားပါတယ်။ အမေရိကန် သံရုံးကတော့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ နှိပ်ကွပ်မှုတွေကြောင့် လွှတ်တော်ထဲက CNRP အမတ် ထက်ဝက်လောက်ဟာ တိုင်းပြည်ကနေ ထွက်ပြေးသွားပြီလို့ CNRP က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)