
0
300




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဏာသိမ်းဖို့ ကြိုးပမ်းတယ်လို့ စွပ်စွဲခံရတဲ့ တူရကီ ဗိုလ်ချုပ်ကို လွှတ်ပေး

တူရကီနိုင်ငံမှာ မနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အဖမ်းခံရတဲ့ ၂၄ ဦး အနက် ဗိုလ်ချုပ် အာဒယ် အိုဇူရတ်ကို အစ္စတန်ဘူလ် အဆင့်မြင့်တရားရုံးက လွှတ်ပေးဖို့ စက်တင်ဘာ ၂၉ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။

အစ္စတန်ဘူလ်ရှိ ဆီလီရီ အကျဉ်းထောင်မှာ ကြားနာမှုအပြီး ၁၄ လကြာ ဖမ်းထားတဲ့ ဗိုလ်ချုပ် အိုဇူရတ်ကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း တူရကီစစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ၂၄၉ ဦး သေဆုံးပြီး လူ တစ်ထောင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)