
0
275




>>>>>>>>>>>>>>>>>>>>>>>>>>>>>

လပ်စ် ဗေးဂတ်စ်မှာ ဂီတပွဲတော်အတွင်း သေနတ်ပစ်ခတ်မှုတွေ ဖြစ်

အမေရိကန်၊ လပ်စ် ဗေးဂတ်စ်မှာ အောက်တိုဘာ ၁ ရက်နေ့ညက ကျင်းပတဲ့ ဂီတပွဲတော်အတွင်း သေနတ်အချက်ပေါင်း ရာနဲ့ချီတဲ့ ပစ်ခတ်မှုဖြစ်ပြီး အများအပြား ဒဏ်ရာရပါတယ်။

အစပိုင်းမှာ မီးပန်းပစ်ဖောက်တာ၊ သေနတ်သံ ဂီတဖန်တီးထားတာလို့ ထင်ခဲ့ကြတယ်လို့ ဂီတပွဲ လာရောက်သူတွေက ပြောပါတယ်။ သေနတ်သမားက တစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက် ပိုမယ်လို့ ခန့်မှန်းပါတယ်။

ဒဏ်ရာရသူ အမြောက်အမြားရှိပြီး လပ်စ် ဗေးဂတ်စ် တက္ကသိုလ်ဆေးရုံမှာ ကုသပေးနေပါတယ်။ ပစ်ခတ်သူဟာ လွတ်မြောက်နေပြီး အဲဒီပတ်ဝန်းကျင်မှာ ရှိနေဆဲလို့ ရဲက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)