
0
236

 




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို ညှိနှိုင်းဖို့ ကြိုးစားပြီး အချိန်မဖြုန်ဖို့ သမ္မတ ထရမ့် ပြော

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ညှိနှိုင်းဖို့ ကြိုးစားပြီး အချိန်ဖြုန်းမနေဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်ကို သမ္မတ ဒေါ်နယ် ထရမ့်က ပြောလိုက်ပါတယ်။

ဝန်ကြီး တီလာဆန်က နျူကလီးယားနဲ့ လက်နက် အစီအစဉ်တွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ နည်းလမ်းရှာမယ်လို့ သတင်းထောက်တွေကို ပြောကြားပြီးနောက် သမ္မတ ထရမ့်က တွစ်တာ လူမှုကွန်ရက်မှာ အဲဒီလို ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်စွမ်းအားတွေကို ထိန်းထားပါ ရက်ဇ်၊ ငါတို့ လုပ်စရာရှိတာ ဆက်လုပ်မယ်လို့ သမ္မတ ထရမ့်က ရေးခဲ့တာ ဖြစ်ပြီး ဒီလို သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ လူသိရှင်ကြား သဘောထားကွဲလွဲတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

 

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)