ကင္ညာက အမ်ဳိးသားဥယ်ာဥ္မွာ ႐ုတ္တရက္ေရႀကီး၊ ၂ ဦးေသ ၅ ဦးေပ်ာက္ဆံုး

0
80

ကင္ညာႏိုင္ငံရဲ႕ နာမည္ေက်ာ္ အမ်ဳိးသားဥယ်ာဥ္ျဖစ္တဲ့ Hell’s Gate မွာ စက္တင္ဘာလ ၁ ရက္ေန႔ တနဂၤေႏြေန႔က ႐ုတ္တရက္ေရႀကီးမႈျဖစ္လို႔ ၂ ဦးေသဆံုးၿပီး ၅ ဦးေပ်ာက္ဆံုးေနပါတယ္။

ေရႀကီးမႈေၾကာင့္ ႏိုင္ငံျခားသားခရီးသြား ၇ ဦးေမ်ာပါသြားေၾကာင္း၊ ေမ်ာပါသြားသူေတြထဲက ၂ ဦးရဲ႕ ေလာင္းကိုေတြၿပီျဖစ္ေၾကာင္း ကင္ညာေတာ႐ိုင္းတိရိစာၦန္မ်ားထိန္းသိမ္ေးရးအဖြဲ႕ (KWS) ရဲ႕ တြစ္တာ အေကာင့္မွာ တင္ထားပါတယ္။ ေပ်ာက္ဆံုးသူေတြဟာ Hell’s Gate ကိုလာေရာက္လည္သူ ၁၂ ေယာက္ပါတဲ့ အဖြဲ႕ထဲကျဖစ္ပါတယ္။ 

ႏိုင္႐ိုဘီကေန ရဟတ္ယာဥ္ တစ္စင္း ေရာက္႐ွိလာၿပီး ႐ွာေဖြကယ္ဆယ္ေရးေတြ ဆက္လုပ္ေဆာင္ေနပါတယ္။ ေပ်ာက္ဆံုးေနသူ ၅ ဦးကိုေတာ့ ေသဆံုးၿပီလို႔ ကင္ညာရဲတပ္ဖြဲ႕က ယူဆထားပါတယ္။

ကင်ညာက အမျိုးသားဥယျာဉ်မှာ ရုတ်တရက်ရေကြီး၊ ၂ ဦးသေ ၅ ဦးပျောက်ဆုံး

ကင်ညာနိုင်ငံရဲ့ နာမည်ကျော် အမျိုးသားဥယျာဉ်ဖြစ်တဲ့ Hell’s Gate မှာ စက်တင်ဘာလ ၁ ရက်နေ့ တနင်္ဂနွေနေ့က ရုတ်တရက်ရေကြီးမှုဖြစ်လို့ ၂ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေပါတယ်။

ရေကြီးမှုကြောင့် နိုင်ငံခြားသားခရီးသွား ၇ ဦးမျောပါသွားကြောင်း၊ မျောပါသွားသူတွေထဲက ၂ ဦးရဲ့ လောင်းကိုတွေပြီဖြစ်ကြောင်း ကင်ညာတောရိုင်းတိရိစ္ဆာန်များထိန်းသိမေ်းရးအဖွဲ့ (KWS) ရဲ့ တွစ်တာ အကောင့်မှာ တင်ထားပါတယ်။ ပျောက်ဆုံးသူတွေဟာ Hell’s Gate ကိုလာရောက်လည်သူ ၁၂ ယောက်ပါတဲ့ အဖွဲ့ထဲကဖြစ်ပါတယ်။

နိုင်ရိုဘီကနေ ရဟတ်ယာဉ် တစ်စင်း ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်ဆောင်နေပါတယ်။ ပျောက်ဆုံးနေသူ ၅ ဦးကိုတော့ သေဆုံးပြီလို့ ကင်ညာရဲတပ်ဖွဲ့က ယူဆထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)