
0
62




ကားပြိုင်ပွဲမှာ အက်ဆီဒန့်ဖြစ်ပြီး သေဆုံးသွားတဲ့ဖော်မြူလာတူး ပြိုင်ကားသမား ဟုဘတ်

Belgian Grand Prix ကားပြိုင်ပွဲအတွင်း ဖော်မြူလာ တူး ပြိုင်ကား သမား အန်တိုနီယို ဟုဘတ် ဟာ ကားအက်စီဒန့် ဖြစ်ကာ သေဆုံးသွားခဲ့တယ်လို့ နိုင်ငံတကာ ကားပြိုင်ပွဲကျင်းပရေးအဖွဲ့ ချုပ် FIA က ဆိုပါတယ်။

ပြင်သစ် ပြိုင်ကား သမား ဟာ ပြိုင်ပွဲအတွင်း Raidillon အမျိုးအစားပြိုင်ကားကို တစ်နာရီ ၁၇၀ မိုင်နှုန်းနဲ့မောင်းနှင်ခဲ့တာဖြစ်ပြီး အမေရိကန်ပြိုင်ကားသမား ကာရီအာရဲ့ကား နဲ့ တိုက်မိခဲ့တာကြောင့် ဒဏ်ရာရကာ သေဆုံးသွားခဲ့တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ဆိုပါတယ်။

ကားတိုက်မူဖြစ်ပြီးနောက် ပြိုင်ပွဲကို ရပ်တန့်ခဲ့ရတယ်လို့ ၊ စီစဉ်ထားတဲ့ ပြိုင်ပွဲတွေလည်း ဖျက်သိမ်းသွားမယ်လို့ ဘီဘီစီသတင်းဌာနကဆိုပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ ပြင်သစ် ပြိုင်ကားသမားဟာ ဒီနှစ်အတွင်းကျင်းပထားတဲ့ ဖော်မြူလာ တူး ပြိုင်ပွဲတွေမှာ ချန်ပီယံ နှစ်ကြိမ်ရရှိထားသူဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)