
0
79




ဟောင်ကောင်ကျောင်းသားတွေ စာသင်နှစ်ကို သပိတ်မှောက်ပြီးစတင်

ဟောင်ကောင် နွေရာသီကျောင်းပိတ်ရက်တွေ တစ်ခုလုံး လမ်းမတွေပေါ်မှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အခု စာသင်နှစ်အစမှာပဲ ကျောင်းသားတွေ ဆက်လက်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။

ကျောင်းစဖွင့်တဲ့ စက်တင်ဘာလ ၂ ရက် တနင်္လာနေ့ မှာပဲ အထက်တန်းကျောင်းသားတွေ နဲ့ တက္ကသိုလ်ကျောင်း သားတွေ ပါဝင်တဲ့ ဆန္ဒပြသူတွေက ဟောင်ကောင်မြို့လယ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အင်္ကျီအနက်နဲ့ ဦးထုပ်တွေ ဆောင်းထားတဲ့ ခရစ်ယာန် ကျောင်းသားတချို့က Chinese University of Hong Kong တက္ကသိုလ်ရှေ့မှာ လူစုကြပြီး Hallelujah သီချင်းကို သံပြိုင်ဆိုကြပါတယ်။ ဟောင်ကောင် ဆန္ဒပြပွဲတွေမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား မကြာခန ထိပ်တိုက်တွေ့ဆုံနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)