
0
74




Mesut Ozil, Arsenal

ကွင်းလယ်လူအိုဇေးလ်ရဲ့ ကြံ့ ခိုင်မှု အတွက် စိုးရိမ်မိကြောင်းနည်းပြ အမ်မရီဆို

ကွင်းလယ်လူ အိုဇေးလ်ရဲ့ ကြံ့ခိုင်မှုအတွက်စိုးရိမ်နေရတယ်လို့ အာဆင်နယ် နည်းပြ အမ်မရီက ပြောဆိုလိုက်ပါတယ်။

ဂျာမနီကွင်းလယ်လူ အိုဇေးလ် ဟာ ကြံခိုင်မှုမကောင်းတဲ့အတွက် အာဆင်နယ် ကစားခဲ့တဲ့ ပရီးမီယားလိဂ် ရာသီအဖွင့်ပွဲစဉ်သုံးပွဲကို လွဲချော်ထားပါတယ်။ အသက် ၃၀ အရွယ်ရှိ အိုဇေးလ် ဟာ နေမကောင်းဖြစ်ပြီးနောက် လေကျင့်ခန်းအစီစဉ်တွေမှာ ပြန်ပါဝင်ပေမယ့် ကြံ့ခိုင်မှု မကောင်းသေးကြောင်း၊ အမြန်ပြန်ကစားဖို့ မျှော်လင့်ထားကြောင်း နည်းပြအမ်မရီက ဆိုပါတယ်။

နေမကောင်းတဲ့အတွက် ပြီးခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ်တွေမှာ ကွင်းလယ်လူအိုဇေးလ်ကို အသင်း ပွဲထွက်လူစာရင်းက ချန်လှပ်ခဲ့ ကြောင်း၊ ၊ အိုဇေးလ် နဲ့ သူကြားမှာ ပြဿနာ တစ်စုံတရာမရှိကြောင်း နည်းပြ အမ်မရီက ပြောပါတယ်။ နည်းပြအမ်မရီ လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့် မရခဲ့တာကြောင့် အိုဇေးလ် ဟာ အသင်းကထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)