တကၠဆက္ျပည္နယ္မွာ ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့အတြက္ ငါးဦးေသဆံုး ၿပီး ၂၀ေက်ာ္ဒဏ္ရာရ

0
76

အေမရိကန္ ႏိုင္ငံ တကၠဆက္ျပည္နယ္မွာ ပစ္ခတ္မႈျဖစ္ခဲ့ရာ အနည္းဆံုးငါးဦးေသဆံုးၿပီး ၂၀ ေက်ာ္ဒဏ္ရာရသြားခဲ့တယ္လို႔  အေမရိကန္ အာဏာပိုင္ေတြက ေျပာပါတယ္။ 

အိုဒစ္ဆာ ၿမိဳ႕နားမွာပစ္ခတ္မႈလုပ္ခဲ့ၿပီး ကားေတြ နဲ႔ လမ္းျဖတ္ကူးေတြကို ေသနတ္သမား ကပစ္ခတ္ခဲ့တာျဖစ္ေၾကာင္း တကၠဆက္ျပည္နယ္ ရဲတပ္ဖြဲ႔ ကေျပာပါတယ္။ ပစ္ခတ္မႈ ဟာ မိနစ္ ၃၀ ၾကာခဲ့ၿပီး ေသနတ္သမားက အျဖဴေရာင္ တီရွပ္ကို ၀တ္ဆင္ထားတယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။ 

ေသနတ္သမား ဟာ သူ႔ကားကို မယူဘဲ အျခား ကားတစ္စီး ကို ခိုးကာ ထြက္ေျပးသြားခဲ့ၿပီးအိုဒစ္ဆာၿမိဳ႕ ရွိ ႐ုပ္ရွင္ရံုအနီးမွာ  ထပ္မံပစ္ခတ္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ရဲေတြနဲ႔အျပန္အလွန္ပစ္ခတ္ရာကေန ေသဆံုးသြားတယ္လို႔ တကၠဆက္ျပည္နယ္ ရဲေတြက ေျပာပါတယ္။ ပစ္ခတ္မႈျဖစ္ရတဲ့အေၾကာင္းအရင္းကိုအတိအက် မသိေသးေၾကာင္း၊ ပစ္ခတ္မႈေၾကာင့္ ရဲတပ္ဖြဲ႔၀င္သံုးဦးဒဏ္ရာရခဲ့ၿပီး ကားမွန္ေတြလည္း ကြဲခဲ့တယ္လို႔ တကၠဆက္ျပည္နယ္ ရဲတပ္ဖြဲ႔ က ေျပာပါတယ္။

People are evacuated from Cinergy Odessa cinema following a shooting in Odessa, Texas, U.S. in this still image taken from a social media video August 31, 2019. Rick Lobo via REUTERS ATTENTION EDITORS – THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. MANDATORY CREDIT. NO RESALES. NO ARCHIVES.

တက္ကဆက်ပြည်နယ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် ငါးဦးသေဆုံး ပြီး ၂၀ကျော်ဒဏ်ရာရ

အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ပစ်ခတ်မှုဖြစ်ခဲ့ရာ အနည်းဆုံးငါးဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရသွားခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

အိုဒစ်ဆာ မြို့နားမှာပစ်ခတ်မှုလုပ်ခဲ့ပြီး ကားတွေ နဲ့ လမ်းဖြတ်ကူးတွေကို သေနတ်သမား ကပစ်ခတ်ခဲ့တာဖြစ်ကြောင်း တက္ကဆက်ပြည်နယ် ရဲတပ်ဖွဲ့ ကပြောပါတယ်။ ပစ်ခတ်မှု ဟာ မိနစ် ၃၀ ကြာခဲ့ပြီး သေနတ်သမားက အဖြူရောင် တီရှပ်ကို ဝတ်ဆင်ထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သေနတ်သမား ဟာ သူ့ကားကို မယူဘဲ အခြား ကားတစ်စီး ကို ခိုးကာ ထွက်ပြေးသွားခဲ့ပြီးအိုဒစ်ဆာမြို့ ရှိ ရုပ်ရှင်ရုံအနီးမှာ ထပ်မံပစ်ခတ်ဖို့ ကြိုးပမ်းခဲ့ပြီး ရဲတွေနဲ့အပြန်အလှန်ပစ်ခတ်ရာကနေ သေဆုံးသွားတယ်လို့ တက္ကဆက်ပြည်နယ် ရဲတွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ရတဲ့အကြောင်းအရင်းကိုအတိအကျ မသိသေးကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရခဲ့ပြီး ကားမှန်တွေလည်း ကွဲခဲ့တယ်လို့ တက္ကဆက်ပြည်နယ် ရဲတပ်ဖွဲ့ က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)