ဥရောပနဲ့ အမေရိကန်မှာသွားရောက်ဖျော်ဖြေခဲ့တဲ့ Babymetal

0
311

ဆယ်ကျော်သက် ဂျပန်အမျိုးသမီး Metal နဲ့ Dance Girl Band အဖွဲ့ဖြစ်တဲ့ Babymetal အဖွဲ့ဟာ မကြာသေးခင်ကမှ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

Babymetal အဖွဲ့ကို ဆယ်ကျော်သက်အဆိုတော် ၃ ဦးနဲ့ ၂၁၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ကာ ယနေ့မှာတော့ အောင်မြင်တဲ့အဖွဲ့ တစ်ခုအဖြစ်နဲ့ ရပ်တည်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီကမှ ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ Tokyo Summer Sonic Music Festival ပွဲမှာလည်း Babymetalရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ပရိတ်သတ် ၂၀,၀၀၀ ကျော် တစ်ခဲနက် လာရောက်အားပေးခဲ့ ကြပါတယ်။

Babymetal ရဲ့ အဖွဲ့ဝင်တစ်ဦးက “ကျွန်မတို့အဖွဲ့ဝင်သုံးယောက်ပေါင်းမှ Babymetalလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ တစ်ဖက်မှာလည်း ကျောင်းတက်နေရတာမို့ အနုပညာဘက်မှာ အခက်အခဲရှိနိုင် ပေမယ့် နှစ်ဖက်စလုံးမှာ ထူးချွန်အောင်မြင်အောင် ကြိုးစားသွားမှာပါ”လို့ အင်တာဗျူတစ်ခုမှာ ပြောကြားသွားပါ တယ်။

သူတို့အနေနဲ့ Metalဂီတနဲ့ အကဖျော်ဖြေမှုအတွက် များစွာကြိုးစားခဲ့ရပြီး စံနမူနာပြအနေနဲ့ Lady Gaga ကိုအားကျအတုယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)