အမ်စတာဒမ်မှာ လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲ လူတွေ ကြပ်ညပ်နေလို့ ဝေဖန်ခံရ

0
299

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ လူမျိုးရေးခွဲခြားမှု ဆန္ဒပြ ချီတက်ပွဲအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခပ်ခွာခွာနေရမယ့် social distancing ကို သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက ချိုးဖောက်မှုအပေါ် အမ်စတာဒမ် မြို့တော်ဝန်ကို နိုင်ငံရေးသမားတွေနဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဝေဖန်နေကြပါတယ်။

အာဖရိကန်-အမေရိကန် ဂျော့ဂျ် ဖလွိုက်ကို အမေရိကန် ရဲက ချုပ်နှောင် ဖမ်းဆီးစဉ် လက်လွန်သေဆုံးမှုကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ကမ္ဘာအနှံ့ ကျင်းပရာမှာ အမ်စတာဒမ်မြို့မှာလည်း ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမ်စတာဒမ် မြို့တော်ဝန်၊ ဂရင်း လက်ဝဲပါတီဝင် မစ္စ ဖမ်ကီ ဟယ်လ်ဆမ်မာက ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်လို့ မြို့တာဝန်ရှိသူတွေက ဝင်ရောက် မစွက်ဖက်နိုင်ကြောင်း၊ ဆန္ဒပြခွင့်ဟာ ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့ပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့နဲ့ အမေရိကန် မြို့ကြီးတွေမှာ အခုလို လူတွေ စုဝေးရင်း များလာတာ မြင်ခဲ့ကြောင်း၊ အခုလည်း အမ်စတာဒမ်မှာ အခုလောက် ကြီးမားတဲ့ လူစုလူဝေး ဖြစ်လာမယ်လို့ မထင်ခဲ့ကြောင်း မြို့တော်ဝန်က ဒတ်ချ် ရုပ်သံဌာနဖြစ်တဲ့ NPO ကို ပြောပါတယ်။

နယ်သာလန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆၀၀၀ နီးပါး ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် တားဆီးရေးအတွက် လူစုလူဝေးလုပ်ရင် အမေရိကန် ဒေါ်လာ ၄၀၀ ခန့် ဒဏ်တပ်မယ်လို့ ထုတ်ပြန်ထားပေမယ့် ဇွန်လ ၁ ရက်နေ့က လူထောင်ပေါင်းများစွာ စုဝေးမှုမှာတော့ ရဲတွေကို မတွေ့ရသလောက်ပဲ ဖြစ်ပါတယ်။

ပှီးခဲ့တဲ့ မတလြလယလြောကြ ကတညြးက lockdown ခထွားခဲ့တဲ့ နယသြာလနမြှာ အခုလို ကှီးမားတဲ့ လူစုလူဝေးနဲ့ ဆနျဒပှပှဲကှောင့ြ ဗိုငြးရပဈြ ကူးစကမြှု အသဈတှေ ထပဖြှဈမလားဆိုတာ ဆှေးနှေးငှငြးခုနနြကှရေပှီ ဖှဈပါတယြ။

______________________

______________________

အမျစတာဒမျမှာ လူမြိုးရေးခှဲခွားမှု ဆန်ဒပွပှဲ လူတှေ ကွပျညပျနလေို့ ဝဖေနျခံရ

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ လူမျိုးရေးခွဲခြားမှု ဆန္ဒပြ ချီတက်ပွဲအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခပ်ခွာခွာနေရမယ့် social distancing ကို သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက ချိုးဖောက်မှုအပေါ် အမ်စတာဒမ် မြို့တော်ဝန်ကို နိုင်ငံရေးသမားတွေနဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဝေဖန်နေကြပါတယ်။

အာဖရိကန်-အမေရိကန် ဂျော့ဂျ် ဖလွိုက်ကို အမေရိကန် ရဲက ချုပ်နှောင် ဖမ်းဆီးစဉ် လက်လွန်သေဆုံးမှုကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ကမ္ဘာအနှံ့ ကျင်းပရာမှာ အမ်စတာဒမ်မြို့မှာလည်း ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမ်စတာဒမ် မြို့တော်ဝန်၊ ဂရင်း လက်ဝဲပါတီဝင် မစ္စ ဖမ်ကီ ဟယ်လ်ဆမ်မာက ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်လို့ မြို့တာဝန်ရှိသူတွေက ဝင်ရောက် မစွက်ဖက်နိုင်ကြောင်း၊ ဆန္ဒပြခွင့်ဟာ ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့ပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့နဲ့ အမေရိကန် မြို့ကြီးတွေမှာ အခုလို လူတွေ စုဝေးရင်း များလာတာ မြင်ခဲ့ကြောင်း၊ အခုလည်း အမ်စတာဒမ်မှာ အခုလောက် ကြီးမားတဲ့ လူစုလူဝေး ဖြစ်လာမယ်လို့ မထင်ခဲ့ကြောင်း မြို့တော်ဝန်က ဒတ်ချ် ရုပ်သံဌာနဖြစ်တဲ့ NPO ကို ပြောပါတယ်။

နယ်သာလန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆၀၀၀ နီးပါး ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် တားဆီးရေးအတွက် လူစုလူဝေးလုပ်ရင် အမေရိကန် ဒေါ်လာ ၄၀၀ ခန့် ဒဏ်တပ်မယ်လို့ ထုတ်ပြန်ထားပေမယ့် ဇွန်လ ၁ ရက်နေ့က လူထောင်ပေါင်းများစွာ စုဝေးမှုမှာတော့ ရဲတွေကို မတွေ့ရသလောက်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လလယ်လောက် ကတည်းက lockdown ချထားခဲ့တဲ့ နယ်သာလန်မှာ အခုလို ကြီးမားတဲ့ လူစုလူဝေးနဲ့ ဆန္ဒပြပွဲကြောင့် ဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ ထပ်ဖြစ်မလားဆိုတာ ဆွေးနွေးငြင်းခုန်နေကြရပြီ ဖြစ်ပါတယ်။ 

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)