ထိုင်းမှာ ထီသည်နဲ့ လမ်းဘေးစျေးသည်တွေက အစိုးရကို အကူအညီတောင်း

0
321

ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားမှုကြောင့် ကြုံနေရတဲ့ အခက်အခဲတွေကို ကုစားဖို့နဲ့ အကူအညီပေးဖို့ ထိုင်းထီသည်တွေနဲ့ လမ်းဘေးစျေးသည်တွေက အစိုးရကို အကူအညီ တောင်းခံလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာမှု သက်တမ်းတိုးပြီး နောက်ဆက်တွဲ ကြုံရတဲ့ အခက်အခဲတွေကို ထီသည်နဲ့ လမ်းဘေးစျေးသည် ကိုယ်စားလှယ်တွေက ထိုင်းဝန်ကြီးချုပ်ရုံး ဝန်ကြီး တေဝမ် လစ်ပတာပယ်လော့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

COVID-19 ရောဂါကြောင့် ကန့်သတ်ချက်တွေ ရှိတဲ့အတွက် ထီသည်တွေကလည်း ထီမရောင်းနိုင်ကြဘဲ စျေးသည်တွေကလည်း ငှားထားတဲ့ နေရာခ မပေးနိုင်တဲ့ အခက်အခဲတွေ ရှိနေကြတာပါ။ ထီလက်မှတ်တွေကို အစိုးရကိုယ်စားလှယ်တွေက စျေးမြှင့်ပြီး ရောင်းနေတာကိုလည်း တိုင်ကြားခဲ့ကြပါတယ်။

သူတို့ကို ကပ်ရောဂါကြောင့် ထိခိုက်တဲ့ အသေးစား အလတ်စားလုပ်ငန်းတွေ အဖြစ် မှတ်ယူပြီး အစိုးရက ကူညီထောက်ပံ့ပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။ဘန်ကောက် မြို့ပြအုပ်ချုပ်ရေးအဖွဲ့က လက်ရှိ သတ်မှတ်ပေးထားတဲ့ စျေးရောင်းရမယ့် နေရာ သုံးနေရာအစား ၂၆ နေရာ ပြင်ဆင် သတ်မှတ်ပေးဖို့လည်း လမ်းဘေးစျေးသည်တွေက တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ဘန်ကောက် မြို့တော်စည်ပင်ကတော့ အခုလို တင်းကြပ်ထားတာဟာ လမ်းပိတ်ဆို့မှုနဲ့ သန့်ရှင်းရေးအတွက်ကြောင့် ဖြစ်ကြောင်း၊ ဒါ့အပြင် တစ်ဦးကနေ တစ်ဦး ရောဂါ ကူးစက်နိုင်ခြေလည်း များလို့ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ထိုငြးဝနကြှီးခွုပရြုံး ဝနကြှီးကတော့ အခု တောငြးဆိုခကွတြှကေို ဝနကြှီးခွုပထြံ တငပြှမှာ ဖှဈကှောငြးနဲ့ အကူအညီပေးနိုငရြေး အကှံပှုပေးမှာဖှဈကှောငြး ပှောပါတယြ။

______________________

______________________


ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားမှုကြောင့် ကြုံနေရတဲ့ အခက်အခဲတွေကို ကုစားဖို့နဲ့ အကူအညီပေးဖို့ ထိုင်းထီသည်တွေနဲ့ လမ်းဘေးဈေးသည်တွေက အစိုးရကို အကူအညီ တောင်းခံလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာမှု သက်တမ်းတိုးပြီး နောက်ဆက်တွဲ ကြုံရတဲ့ အခက်အခဲတွေကို ထီသည်နဲ့ လမ်းဘေးဈေးသည် ကိုယ်စားလှယ်တွေက ထိုင်းဝန်ကြီးချုပ်ရုံး ဝန်ကြီး တေဝမ် လစ်ပတာပယ်လော့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

COVID-19 ရောဂါကြောင့် ကန့်သတ်ချက်တွေ ရှိတဲ့အတွက် ထီသည်တွေကလည်း ထီမရောင်းနိုင်ကြဘဲ ဈေးသည်တွေကလည်း ငှားထားတဲ့ နေရာခ မပေးနိုင်တဲ့ အခက်အခဲတွေ ရှိနေကြတာပါ။ ထီလက်မှတ်တွေကို အစိုးရကိုယ်စားလှယ်တွေက ဈေးမြှင့်ပြီး ရောင်းနေတာကိုလည်း တိုင်ကြားခဲ့ကြပါတယ်။ 

သူတို့ကို ကပ်ရောဂါကြောင့် ထိခိုက်တဲ့ အသေးစား အလတ်စားလုပ်ငန်းတွေ အဖြစ် မှတ်ယူပြီး အစိုးရက ကူညီထောက်ပံ့ပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။ ဘန်ကောက် မြို့ပြအုပ်ချုပ်ရေးအဖွဲ့က လက်ရှိ သတ်မှတ်ပေးထားတဲ့ ဈေးရောင်းရမယ့် နေရာ သုံးနေရာအစား ၂၆ နေရာ ပြင်ဆင် သတ်မှတ်ပေးဖို့လည်း လမ်းဘေးဈေးသည်တွေက တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ဘန်ကောက် မြို့တော်စည်ပင်ကတော့ အခုလို တင်းကြပ်ထားတာဟာ လမ်းပိတ်ဆို့မှုနဲ့ သန့်ရှင်းရေးအတွက်ကြောင့် ဖြစ်ကြောင်း၊ ဒါ့အပြင် တစ်ဦးကနေ တစ်ဦး ရောဂါ ကူးစက်နိုင်ခြေလည်း များလို့ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ရုံး ဝန်ကြီးကတော့ အခု တောင်းဆိုချက်တွေကို ဝန်ကြီးချုပ်ထံ တင်ပြမှာ ဖြစ်ကြောင်းနဲ့ အကူအညီပေးနိုင်ရေး အကြံပြုပေးမှာဖြစ်ကြောင်း ပြောပါတယ်။     

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)