စင်ကာပူမှာ ရွှေ့ပြောင်းလုပ်သားတွေ လက်ခံဖို့ အဆောင်တွေ အမြန် ဆောက်လုပ်နေ

0
244

ကပ်ရောဂါ ဖြစ်နေစဉ်မှာပဲ စင်ကာပူနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေ ပြန်လည် လက်ခံနိုင်ဖို့ အဆောင် အဆောက်အဦတွေကို အားချင်း ဆောက်လုပ်နေပါတယ်။

လက်ရှိ အလုပ်သမား အဆောင်တွေဟာ လူနေ ထူထပ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှာ စိုးရိမ်ရလို့ လူခွဲထုတ်ဖို့ ရွှေ့ပြောင်းလုပ်သားတွေအတွက် နောက်ထပ် အဆောင် အဆောက်အဦး ၆ သောင်းလောက် ထပ်ဆောက်နေတာပါ။

လူဦးရေ ၅ ဒသမ ၇ သန်းရှိတဲ့ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ၃ သောင်းခွဲရှိပြီး အာရှမှာ ရာခိုင်နှုန်းအားဖြင့် အများဆုံးထဲက တစ်နိုင်ငံ ဖြစ်နေပါတယ်။ အရှေ့တောင် အာရှက လုပ်သားအများစု ပါဝင်တဲ့ ရွှေ့ပြောင်းလုပ်သား ၃ သိန်းကျော် လက်ခံထားခဲ့တဲ့ စင်ကာပူနိုင်ငံမှာ တစ်ကိုယ်ရေ ကျောခင်းစရာ အဆောင်တွေနဲ့ လူဦးရေ သိပ်သည်းမှုက COVID-19 ရောဂါ ကူးစက်မှုကို ပိုဖြစ်စေခဲ့ပါတယ်။


___________________

___________________

စင်ကာပူမှာ ရွှေ့ပြောင်းလုပ်သားတွေ လက်ခံဖို့ အဆောင်တွေ အမြန် ဆောက်လုပ်နေ

ကပ်ရောဂါ ဖြစ်နေစဉ်မှာပဲ စင်ကာပူနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေ ပြန်လည် လက်ခံနိုင်ဖို့ အဆောင် အဆောက်အဦတွေကို အားချင်း ဆောက်လုပ်နေပါတယ်။ 

လက်ရှိ အလုပ်သမား အဆောင်တွေဟာ လူနေ ထူထပ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှာ စိုးရိမ်ရလို့ လူခွဲထုတ်ဖို့ ရွှေ့ပြောင်းလုပ်သားတွေအတွက် နောက်ထပ် အဆောင် အဆောက်အဦး ၆ သောင်းလောက် ထပ်ဆောက်နေတာပါ။

လူဦးရေ ၅ ဒသမ ၇ သန်းရှိတဲ့ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ၃ သောင်းခွဲရှိပြီး အာရှမှာ ရာခိုင်နှုန်းအားဖြင့် အများဆုံးထဲက တစ်နိုင်ငံ ဖြစ်နေပါတယ်။ အရှေ့တောင် အာရှက လုပ်သားအများစု ပါဝင်တဲ့ ရွှေ့ပြောင်းလုပ်သား ၃ သိန်းကျော် လက်ခံထားခဲ့တဲ့ စင်ကာပူနိုင်ငံမှာ တစ်ကိုယ်ရေ ကျောခင်းစရာ အဆောင်တွေနဲ့ လူဦးရေ သိပ်သည်းမှုက COVID-19 ရောဂါ ကူးစက်မှုကို ပိုဖြစ်စေခဲ့ပါတယ်။

အသုံးမပြုတော့တဲ့ စာသင်ကျောင်းဟောင်းတွေ၊ လွတ်နေတဲ့ စက်ရုံတွေကိုလည်း လူနေလို့ရအောင် ပြုပြင်နေတယ်လို့ စင်ကာပူ လူ့စွမ်းအား ဝန်ကြီးဌာနနဲ့ အမျိုးသားဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့က ဇွန်လ ၁ ရက်နေ့မှာ ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)