လစ်ဗျား ငွေစက္ကူအတု ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးဟာ ရုရှားမှာ ပုံနှိပ်တာ မဟုတ်ကြောင်း ငြင်းဆို

0
210

မော်လ်တာနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ လစ်ဗျားငွေစက္ကူအတု အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုးဟာ စွပ်စွဲထားသလို ရုရှားနိုင်ငံမှာ ပုံနှိပ်ခဲ့တာ မဟုတ်ဘူးလို့ ရုရှားအစိုးရက ငြင်းဆိုလိုက်ပါတယ်။

မော်လ်တာ အာဏာပိုင်တွေက လစ်ဗျား ငွေစက္ကူအတု ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုးကို ရုရှားအစိုးရပိုင် ကုမ္ပဏီတစ်ခုက ပုံနှိပ်ပေးခဲ့တာ ဖြစ်ပြီး လစ်ဗျားနိုင်ငံရဲ့ စီးပွားရေးပြဿနာတွေကို ပိုဆိုးစေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

လစ်ဗျားသုံးငွေဖြစ်တဲ့ လစ်ဗျားဒီနာငွေစက္ကူ အတုတွေ ဖမ်းမိခဲ့ကြောင်း၊ အဲဒီ ငွေစက္ကူအတုတွေကို ရုရှားအစိုးရပိုင် ကုမ္ပဏီဖြစ်တဲ့ Joint Stock ကုမ္ပဏီက ရိုက်နှိပ်ပေးထားတာ ဖြစ်ကြောင်း၊ ဒီငွေစက္ကူအတုတွေကို တရားမဝင်တဲ့ စင်ပြိုင် အဖွဲ့အစည်းတစ်ခုက မှာယူတာဖြစ်ကြောင်း မော်လ်တာ အစိုးရက မေလ ၂၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့တာပါ။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီ ငွေစက္ကူအတုတွေကို သူတို့ အစိုးရပိုင် ကုမ္ပဏီက ပုံနှိပ်ပေးခဲ့ခြင်း မရှိဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ငြင်းဆိုခဲ့ပါတယ်။

လဈဗွားနိုငငြံ၊ ထရီပိုလီမှို့ရှိ လဈဗွား ဗဟိုဘဏြ ရုံးခွုပကြသာလွှငြ ငှကှေေးနဲ့ ပတသြကလြို့ လဈဗွားရဲ့ တရားဝငြ ဗဟိုဘဏြ အဖှဲ့အစညြး ဖှဈကှောငြး၊ ပှီးခဲ့တဲ့ နှဈတှမှော လဈဗွားရဲ့ စီးပှားရေး စိနခြေါမြှုတှေ မွားပှားလာခှငြးဟာ ရုရှားနိုငငြံထုတြ လဈဗွားငှစကျေကူ အတုတှကှေောင့ြ ဖှဈကှောငြး အမရေိကနြ နိုငငြံခှားရေး ဝနကြှီးဌာနကလညြး သတငြးထုတပြှနပြါတယြ။

____________________

____________________

လဈဗြား ငှစေက်ကူအတု ဒေါျလာ ၁ ဘီလီယံကြောျဖိုးဟာ ရုရှားမှာ ပုံနှိပျတာ မဟုတျကွောငျး ငွငျးဆို

မော်လ်တာနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ လစ်ဗျားငွေစက္ကူအတု အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုးဟာ စွပ်စွဲထားသလို ရုရှားနိုင်ငံမှာ ပုံနှိပ်ခဲ့တာ မဟုတ်ဘူးလို့ ရုရှားအစိုးရက ငြင်းဆိုလိုက်ပါတယ်။  

မော်လ်တာ အာဏာပိုင်တွေက လစ်ဗျား ငွေစက္ကူအတု ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုးကို ရုရှားအစိုးရပိုင် ကုမ္ပဏီတစ်ခုက ပုံနှိပ်ပေးခဲ့တာ ဖြစ်ပြီး လစ်ဗျားနိုင်ငံရဲ့ စီးပွားရေးပြဿနာတွေကို ပိုဆိုးစေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

လစ်ဗျားသုံးငွေဖြစ်တဲ့ လစ်ဗျားဒီနာငွေစက္ကူ အတုတွေ ဖမ်းမိခဲ့ကြောင်း၊ အဲဒီ ငွေစက္ကူအတုတွေကို ရုရှားအစိုးရပိုင် ကုမ္ပဏီဖြစ်တဲ့ Joint Stock ကုမ္ပဏီက ရိုက်နှိပ်ပေးထားတာ ဖြစ်ကြောင်း၊ ဒီငွေစက္ကူအတုတွေကို တရားမဝင်တဲ့ စင်ပြိုင် အဖွဲ့အစည်းတစ်ခုက မှာယူတာဖြစ်ကြောင်း မော်လ်တာ အစိုးရက မေလ ၂၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့တာပါ။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီ ငွေစက္ကူအတုတွေကို သူတို့ အစိုးရပိုင် ကုမ္ပဏီက ပုံနှိပ်ပေးခဲ့ခြင်း မရှိဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ငြင်းဆိုခဲ့ပါတယ်။

လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ လစ်ဗျား ဗဟိုဘဏ် ရုံးချုပ်ကသာလျှင် ငွေကြေးနဲ့ ပတ်သက်လို့ လစ်ဗျားရဲ့ တရားဝင် ဗဟိုဘဏ် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ နှစ်တွေမှာ လစ်ဗျားရဲ့ စီးပွားရေး စိန်ခေါ်မှုတွေ များပြားလာခြင်းဟာ ရုရှားနိုင်ငံထုတ် လစ်ဗျားငွေစက္ကူ အတုတွေကြောင့် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)