ကွန်ဂိုမှာ အီဘိုလာရောဂါ တစ်ကျော့ပြန် ဖြစ်လာ

0
143

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (DRC)၊ အက်ကွာတာ ပြည်နယ်၊ ဝမ်ဂါတာ ကျန်းမာရေးဇုန်မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု တစ်ကျော့ပြန် ဖြစ်လာနေတယ်လို့ ဒီနေ့ ဇွန်လ ၂ ရက်နေ့မှ ကွန်ဂိုအစိုးရက ကြေညာပါတယ်။

ဝမ်ဂါတာမှာ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှု ခြောက်ခု အသစ်တွေ့ရပြီး လေးဦးသေဆုံးကာ နှစ်ဦးကို အထူးကြပ်မတ် ကုသနေတယ်လို့ ကွန်ဂို ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အီဘိုလာဗိုင်းရပ်စ် ကူးစက်သူ ခြောက်ဦးအနက် သုံးဦးရဲ့ ဓာတ်ခွဲနမူနာတွေ စစ်ဆေးပြီးပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်ပါတယ်။

COVID-19 ကသာလျှင် လူတွေရင်ဆိုင်နေရတဲ့ ပြဿနာမဟုတ်ဘူးဆိုတာ သတိပေးလိုက်တာ ဖြစ်ကြောင်း၊ အားလုံးရဲ့ အာရုံက ကပ်ရောဂါဆီကိုပဲ ရောက်နေပေမယ့် WHO ကတော့ တခြား ကျန်းမာရေးဆိုင်ရာ အရေးပေါ် ကိစ္စတွေကိုလည်း စောင့်ကြည့်နေကြောင်း WHO အထွေထွေ ညွှန်ကြားရေးမှူး ဒေါက်တာ တက်ဒရိုစ် အက်ဒါနွန် ဂေဘရီယက်ဆက်စ်က ပြောပါတယ်။


___________________

A Congolese health worker administers ebola vaccine to a child at the Himbi Health Centre in Goma, Democratic Republic of Congo, July 17, 2019. REUTERS/Olivia Acland

___________________

ကွန်ဂိုမှာ အီဘိုလာရောဂါ တစ်ကျော့ပြန် ဖြစ်လာ

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (DRC)၊ အက်ကွာတာ ပြည်နယ်၊ ဝမ်ဂါတာ ကျန်းမာရေးဇုန်မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု တစ်ကျော့ပြန် ဖြစ်လာနေတယ်လို့ ဒီနေ့ ဇွန်လ ၂ ရက်နေ့မှ ကွန်ဂိုအစိုးရက ကြေညာပါတယ်။

ဝမ်ဂါတာမှာ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှု ခြောက်ခု အသစ်တွေ့ရပြီး လေးဦးသေဆုံးကာ နှစ်ဦးကို အထူးကြပ်မတ် ကုသနေတယ်လို့ ကွန်ဂို ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အီဘိုလာဗိုင်းရပ်စ် ကူးစက်သူ ခြောက်ဦးအနက် သုံးဦးရဲ့ ဓာတ်ခွဲနမူနာတွေ စစ်ဆေးပြီးပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်ပါတယ်။

COVID-19 ကသာလျှင် လူတွေရင်ဆိုင်နေရတဲ့ ပြဿနာမဟုတ်ဘူးဆိုတာ သတိပေးလိုက်တာ ဖြစ်ကြောင်း၊ အားလုံးရဲ့ အာရုံက ကပ်ရောဂါဆီကိုပဲ ရောက်နေပေမယ့် WHO ကတော့ တခြား ကျန်းမာရေးဆိုင်ရာ အရေးပေါ် ကိစ္စတွေကိုလည်း စောင့်ကြည့်နေကြောင်း WHO အထွေထွေ ညွှန်ကြားရေးမှူး ဒေါက်တာ တက်ဒရိုစ် အက်ဒါနွန် ဂေဘရီယက်ဆက်စ်က ပြောပါတယ်။

၁၉၇၆ ခုနှစ်ကတည်းက ကွန်ဂိုနိုင်ငံမှာ ပထမဆုံး အီဘိုလာရောဂါ ဖြစ်ပွားမှု စတင် တွေ့ရှိခဲ့ပြီးနောက် အခု တစ်ကျော့ပြန် တွေ့ရှိတာက ၁၁ ကြိမ်မြောက် ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)