ဖိလစ်ပိုင်မြို့ပြ တိုက်ပွဲအတွင်း သေနတ်သမား ၈၉ ဦး သတ်ဖြတ်နိုင်ခဲ့ကြောင်း စစ်တပ်က ပြော

0
265

ရက်သတ္တပတ်တ စ်ပတ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တောင်ပိုင်းမြို့ တိုက်ပွဲအတွင်း သေနတ်သမား ၈၉ ဦးကို ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့ က သတ်ဖြတ်နိုင်ခဲ့ပေမယ့် သူပုန်တွေဟာ အပြင်းအထန် ခုခံနေဆဲဖြစ်ပြီး ဓားစာခံတွေ ဖမ်းဆီးထားဆဲဖြစ်ကြောင်း စစ်တပ်မှပြော ရေးရေးဆိုခွင့်ရှိသူတွေက ယနေ့ ပြောကြားလိုက်ပါတယ်။

မာရာဝီမြို့က စစ်သွေးကြွတွေ ရှိနေတဲ့နေရာတွေကို ရဟတ်ယာဉ်တွေသုံးပြီး စစ်တပ်က မေလ ၃၁ ရက်နေ့မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီဒေသမှာ အရပ်သားတွေလည်း ပိတ်မိနေဆဲဖြစ်ပါတယ်။

မွတ်စလင်ဘာသာဝင် အများစုနေထိုင်တဲ့ မာရာဝီမြို့မှာ အမေရိကန်နိုင်ငံက အလိုအရှိဆုံး အကြမ်းဖက်သမားကို ဖမ်းဆီးဖို့ ဖိလစ်ပိုင်စစ်တပ်က ကြိုးပမ်းတာကို တုံ့ပြန်တဲ့အနေနဲ့ စစ်သွေးကြွတွေက အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS အလံနက်ကို ထူခဲ့တာကြောင့် ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

စစ်သွေးကြွခေါင်းဆောင် ဟာပီလွန်က လွတ်မြောက်နေဆဲဖြစ်ပြီး မာရာဝီမြို့ အတွင်းမှာပဲ ရှိနေသေးကြောင်း ဖိလစ်ပိုင်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထိပ်တန်းအရာရှိ ရက်စတီတူတိုပတ်ဒီလာ ပြောကြားပါတယ်။

ခေါင်းဆောင်ဖြစ်သူ ဟာပီလွန်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေး လုပ်ဆောင်ရာမှာ သေနတ်သမား ၈၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း မစ္စတာ ရက်စတီတူတိုပတ်ဒီလာက ဆက်လက်ပြောကြားခဲ့ပါတယ်။

စစ်ဆင်ရေးက အခြေအနေကောင်းနေပြီး အဆုံးသတ်နိုင်တော့မှာဖြစ်ကြောင်း ရက်စတီက ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအချိန် အထိ စစ်ဆင်ရေး အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးပြီး အရပ်သား ၁၉ ဦးသေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)