သမ္မတ ထရမ့် ကိုယ်ပိုင်ဆဲလ်ဖုန်းနဲ့ ဆက်သွယ်နေလို့ လုံခြုံရေးအရ စိုးရိမ်မကင်း ဖြစ်နေ

0
301

ကမ္ဘာ့ခါင်းဆောင်တွေကို သူ့ရဲ့ ကိုယ်ပိုင်ဆဲလ်ဖုန်းနဲ့ တိုက်ရိုက်ပြောဆိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆောင်ရွက်နေတာကြောင့်  ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်း မဟုတ်တဲ့အပြင် သံတမန်စည်းမျဉ်းကိုပါ ချိုးဖောက်ရာရောက်နေပြီး လုံခြုံရေးနဲ့ အမေရိကန် အကြီးအကဲရဲ့ လျို့ဝှက်မှုအဆင့်ကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် အမေရိကန်လုံခြုံရေးပိုင်းက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ကနေဒါနဲ့ မက္ကဆီကို ခေါင်းဆောင်တွေကို သူ့ရဲ့ ဆဲလ်ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ဆို ဆက်သွယ်ဖို့ ဒေါ်နယ်ထရန့်က ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကနေဒါ ၀န်ကြီးချုပ်ဂျပ်စတင်ထရုဒူ တစ်ဦးတည်းကပဲ အဲဒီလို တိုက်ရိုက်ခေါ်ဆိုမှု ပြုလုပ်သေးကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မာရွန်နဲ့တော့ ယခုလ အစောပိုင်းက ရွေးကောက်ပွဲအနိုင်ရပြီး မကြာခင်မှာပဲ သမ္မတဒေါ်နယ်လ် ထရမ့်က တိုက်ရိုက်ခေါ်ဆိုဖို့ ဖုန်းနံပါတ် အပြန်အလှန်ပေးခဲ့ကြကြောင်း ပြင်သစ်အရာရှိ တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ သမ္မတ မာရွန်က အဲဒီဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ဆို အသုံးပြုမှာလား ဆိုတာကိုတော့ အဲဒီအရာရှိက မပြောပါဘူး။

ဆက်သွယ်ရေး နည်းပညာတွေ မြင့်မားလာနေသလို မိုလ်ဘိုင်းဖုန်း အသုံးပြုဆက်သွယ်မှုတွေလည်း တိုးပွားလာနေတဲ့ ခေတ်သစ် ကမ္ဘာမှာ ကမ္ဘာ့ခေါင်းဆောင်တွေ အပြန်အလှ န်တိုက်ရိုက်ဖုန်းဆက်မှုက ထူးခြားလှတယ်လို့ မဆိုနိုင်ပါ။ ဒါပေမယ့် သံတမန်စည်းမျဉ်း အရ ခေါင်းဆောင်တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှုဟာ ကြီးမားလှတဲ့ အရေးကိစ္စဖြစ်ပြီး တရားဝ င်ဆက်သွယ်ရေးလိုင်းတွေကို အယုံအကြည်မရှိတဲ့ သမ္မတထရမ့်အနေနဲ့ သံတမန်စည်းမျဉ်း နောက်တစ်ခုကို ထပ်မံ ချိုးဖောက်လိုက်တာလည်း ဖြစ်နေပါတယ်။

တချိန်လုံး လွတ်လွတ်လပ်လပ် ပြောဆိုဆက်ဆံပြီး အလုပ်ကိစ္စတွေကို လုပ်ဆောင်ခဲ့သူ မစ္စတာ ဒေါ်နယ်လ်ထရမ့်အတွက် တရားဝင် ဆက်သွယ်မှုနဲ့ သံတမန်စည်းမျဉ်းတွေက မလိုအပ်တဲ့ စိတ်အနှောက်အယှက်တွေ ဖြစ်စေခဲ့ပုံပေါ်နေပါတယ်။

ပုံမှန်အားဖြင့် အမေရိကန်သမ္မတတွေဟာ အိမ်ဖြူတော်ရှိ လုံခြုံရေးအပြည့်ရှိတဲ့ ဖုန်းလိုင်းကိုပဲ သုံးကြပါတယ်။ ထရမ့်အနေနဲ့ အမေရိကန်အစိုးရ ထုတ်တဲ့ဆဲလ်ဖုန်းကို အသုံးပြုမယ်ဆိုရင်တောင် ကြားဖြတ်နားထောင်မှု ခံရနိုင်ဖွယ်ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံခြားအစိုးရတွေက ကြားဖြတ်နားထောင်တာ ခံရနိုင်တယ်လို့ အမေရိကန်လုံခြုံရေး ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)