အော်လန်ဒို လေဆိပ်မှာ သေနတ်အတုနဲ့ အမေရိကန် စစ်သားဟောင်းကို ဖမ်းဆီးထား

0
270

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ အော်လန်ဒိုလေဆိပ်မှာ မနေ့ညပိုင်းက သေနတ်အတု ကိုင်ဆောင်ထားတဲ့ မရိန်းတပ်သား ဟောင်းတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ရပါတယ်။

စိတ်ပုံမှန် အခြေအနေမှာမရှိတဲ့ သေနတ်အတု ကိုင်ဆောင်သူကို သုံးနာရီနီးပါးကြာအောင် ဖျောင်းဖျစည်းရုံးပြီးမှ ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်နိုင်တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း သေနတ်ပစ်ခတ်မှု မရှိခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူခဲ့လည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ လေဆိပ်ဧရိယာ ထက်ဝက်ခန့်က လူတွေကိုရွှေ့ပြောင်းပေးခဲ့ရပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် အတော်များများက လေဆိပ်ထဲ ၀င်လာရတာကြောင့် ခရီးသည်တွေဟာ ဘာဖြစ်နေတယ်ဆိုတာ မသိရှိဘဲ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ကြရပါတယ်။

လေဆိပ်အငှားကား ဧရိယာနားမှာ ရဲတပ်ဖွဲ့က ၀ိုင်းထားချိန် အသက် ၂၆ နှစ်အရွယ် မရိန်းတပ်သားဟောင်း မိုက်ကယ်ဝိန်းပတ်တီ ဂရှုးဟာ ဂယောင်ခြောက်ခြား ဖြစ်နေခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သူက သေနတ်လို့ ယူဆရတဲ့အရာနဲ့ ရဲအရာရှိနဲ့ လုံခြုံရေးတပ်သားတွေကို ချိန်ရွယ်ထားခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ဓာတ်ပုံတွေအရ ခရီးသည်တွေဟာ သူတို့ရဲ့လုံခြုံဘေးကင်းမှုအတွက် စိုးရိမ်မကင်း ဖြစ်နေကြပြီး အဆို ပါဧရိယာတ၀ိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေ အများကြီး ရောက်ရှိနေတာကို တွေ့ရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)