တကိုယ်ကောင်းဆန်ပြီး တာဝန်ယူမှုမရှိတဲ့ ထရမ့်ကြောင့် ခေါင်းဆောင်မှု ဖရိုဖရဲဖြစ်နိုင်

0
253

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တကိုယ်ကောင်းဆန်သူဖြစ်ပြီး တာဝန်ယူမှု မရှိသူတစ်ဦး ဖြစ်နေတာကြောင့် နိုင်ငံရဲ့ ခေါင်းဆောင်မှုမှာ ဖရိုဖရဲဖြစ်သွားနိုင်ကြောင်း တရုတ်မီဒီယာက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ရာသီဥတုဆိုင်ရာ ပါရီ သဘောတူညီချက်ကနေ ထွက်မယ်လို့ ထရမ့်ရဲ့ ပြောဆိုမှုကို အခြေခံပြီး တရုတ်နိုင်ငံပိုင် မီဒီယာဖြစ်တဲ့ ဆင်ဟွာက အခုလို ဝေဖန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက်ရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ ထိခိုက်သက်ရောက်မှု ဖြစ်စေနိုင်တာမျိုးဟာ အကြမ်းဖက်ဝါဒကို စစ်ပွဲဆင်နွှဲရမယ်ဆိုတဲ့ ဂျော့ဂ်ျ ဒဗလျုဘုရှ်ရဲ့ဆုံးဖြတ်ချက်မျိုးနဲ့ အလားသဏ္ဍန်တူ ညီနေကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေရဲ့ ပြောစကားကို ကိုးကားပြီး သမ္မတထရမ့်ရဲ့ လုပ်ရပ်ဟာ အဆင်အခြင်ကင်းမဲ့သလို ရှုးသွပ်မှုဖြစ်နေကြောင်းလည်း ဆင်ဟွာက ဝေဖန်ရေးသားခဲ့ပါတယ်။

ပိုပြီးသိသာထင်ရှားတဲ့ ဝေဖန်ချက်ကိုတော့ တရုတ်ကွန်မြုနစ်ပါတီရဲ့ သဘောထားကို တရားမ၀င်ထင်ဟပ်တဲ့ ဂလိုဘယ်တိုင်းမ်စ် သတင်းစာရဲ့ အယ်ဒီတာအာဘော်ပဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတထရမ့်က ပါရီ သဘောတူချက်ကနေ ထွက်မယ်လို့ ပြောဆိုပြီး မကြာခင်မှာပဲ အဆိုပါ အယ်ဒီတာအာဘော်က ထရမ့်ရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိဘဲ တကိုယ်ကောင်းဆန်ကြောင်း၊ အခုလို လုပ်ရပ်ကြောင့် ကမ္ဘာကြီးကို အမေရိကန် ခေါင်းဆောင်နေမှုမှာ ဖရိုဖရဲဖြစ်သွားစေနိုင်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ အမေရိကန်ကို အဲဒီလိုဝေဖန်မှုတွေ ပြုလုပ်လေ့ ရှိပေမယ့်လည်း တရုတ်နိုင်ငံတွင်းမှာတော့ လေထု ညစ်ညမ်းမှုကို ထိရောက်တဲ့ ထိန်းချုပ်မှု မပြုလုပ်ကြောင်း ဝေဖန်ခံနေရပါတယ်။

အသစ်ဖြစ်ပေါ်လာနေတဲ့ တရုတ် လူလတ်တန်းစားတွေဟာလည်း ဒေါ်လာ တစ်သန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဗီဇာယူပြီး အမေရိကန်ကို ထွက်ခွာနေကြတာကို တွေ့ရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)