တက်တူးအသစ်နဲ့ ရေကူးသူ ဘက်တီးရီးယား ၀င်ပြီး သေဆုံး

0
254

အသက် ၃၁ နှစ်အရွယ် အမည်မဖော်ပြသူ အမျိုးသားတစ်ဦးဟာ တက်တူးအသစ် ထိုးထားပြီး မက္ကဆီကို ပင်လယ်ကွေ့အတွင်း ရေဆင်းကူးရာက အသားစားတဲ့ ဘက်တီးရီးယားနဲ့ ထိတွေ့မိပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါအမျိုးသားရဲ့ သေဆုံးမှုသတင်းကို ဗြိတိသျှဆေးပညာဂျာနယ်က ဖော်ပြခဲ့တာဖြစ်ပြီး ရေဆင်းမကူးခင် ငါးရက်က ညာဘက် ခြေသလုံးမှာ တက်တူးအသစ်တစ်ခု ထိုးခဲ့ပါတယ်။

ရေကူးပြီးနောက်ပိုင်းမှာ ၄င်းအမျိုးသားဟာ ဖျားနာပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံပို့ချိန်မှာ တက်တူးထိုးတားတဲ့ နေရာက ယောင်ယမ်းပြီး အခြေအနေ ဆိုးရွားနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ဆေးရုံမှာ အသက်ကယ်ကိရိယာ အကူအညီနဲ့ နှစ်ပတ်ခန့် အသက်ရှင်ခဲ့ပြီးနောက် ကျောက်ကပ်ပျက်စီးပြီး သေဆုံးသွားခဲ့ပါတယ်။

အခုလိုသေဆုံးမှုဟာ ကာယကံရှင်အနေနဲ့ နှစ်ပေါင်းများစွာ အရက်သောက်သုံးခဲ့တာကြောင့်လည်း ပါကြောင်း ဆရာဝန်တွေက ဆိုပါတယ်။

သေဆုံးသူဟာ ဘယ်နိုင်ငံသား ဖြစ်တယ်ဆိုတာကို သတင်းတွေက မဖော်ပြခဲ့ပါဘူး။ သူကူးစက်ခံခဲ့ရတဲ့ ဘက်တီးရီးယားပိုး ကြောင့် အမေရိကန်မှာ နှစ်စဉ်လူ ၈ သောင်းခန့် ဖျားနာပြီး လူ ၁၀၀ ခန့် သေဆုံးနေပါတယ်။ အမေရိကန် ရောဂါတားဆီးထိန်းချုပ် ရေးအဖွဲ့ရဲ့ဖော်ပြချက်အရ အနာကို ပင်လယ်ရေထိတွေ့မှု၊ မကျက်တဲ့အသား စားသုံးမှုတွေကြောင့် အဲဒီ ရောဂါပိုးကူးစက်ခံရနိုင်ကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)