အမေရိကန်ရွေးကောက်ပွဲမှာ ရုရှား ပုဂ္ဂလိက ဟတ်ကာတွေ နှောက်ယှက်ခဲ့တာ ဖြစ်နိုင်ကြောင်း သမ္မတ ပူတင်ပြော

0
270

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက မျိုးချစ်စိတ်ပြင်းထန်သူ ပုဂ္ဂလိက အဖွဲ့အစည်းတွေက ဟတ်ကာတွေ ၀င်နှောက်ယှက်ခဲ့တာဖြစ်နိုင်ကြောင်း သမ္မတပူတင်က မနေ့က ပြောကြားလိုက်ပါတယ်။

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဂ်မြို့မှာ သတင်းထောက်တွေကို သမ္မတပူတင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာပူတင်က ရုရှားအစိုးရလက်ချက် မဟုတ်ကြောင်း ထပ်မံ ငြင်းဆိုထားပြီး မျိုးချစ်စိတ်ရှိတဲ့ ရုရှားဟတ်ကာ အုပ်စုတွေက ပြုလုပ်ခဲ့တာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဟတ်ကာတွေဟာ အနုပညာသမားတွေကိုပဲ ပစ်မှတ်ထားတဲ့နေရာမှာ သူတို့ရဲ့ စိတ်ခံစားချက်အတိုင်း လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ မစ္စတာပူတင်က ဆက်လက်ပြောဆိုခဲ့ပါတယ်။ ဒါ့ပေမဲ့ အဲဒီလိုပစ်မှတ်ထားပြီး ဟတ်ကာတွေရဲ့လုပ်ဆောင်ချက် ကြောင့် ဥရောပ၊ အမေရိကနဲ့ ဘယ်နိုင်ငံက ရွေးကောက်ပွဲကိုမှ ပြောင်းလဲသွားစေမှာ မဟုတ်ကြောင်း မစ္စတာပူတင်က ပြောပါ တယ်။

အမေရိကန်နိုင်ငံက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာ ရုရှားပါဝင်တဲ့ အထောက်အထားတွေ တွေ့ရှိလာမယ်ဆိုရင် ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ သမ္မတပူတင်က အခုလိုပြောဆိုခဲ့တာလို့လည်း ယူဆစရာဖြစ်နေပါတယ်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ကလည်း ယူကရိန်းနဲ့ ဆီးရီးယားမှာ ရုရှားလျို့ဝှက်တပ်ဖွဲ့တွေ ဖြန့်ကျက်ထားခဲ့တာကို ဖုံးမရတော့တဲ့ အချိန်မှာ ရုရှားအစိုးရက အခုလိုလေသံမျိုး ထွက်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)