ပါရီ သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်မှု ဂယက်ရိုက်

0
296

ဂျာမနီ အပါအဝင် အမေရိကန်ရဲ့ မိတ်ဖက် နိုင်ငံတွေက တားမြစ်နေတဲ့ ကြားက ကမ္ဘာပေါ်မှာ ကာဘွန်ဒိုင် အောက်ဆိုဒ် ဒုတိယ အများဆုံး ထုတ်လွှတ်နေတဲ့ အမေရိကန်က ရာသီဥတုဆိုင်ရာ ပါရီ သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ကြေညာလိုက်တဲ့အတွက် ဂယက်ရိုက်သွားပါတယ်။

သတင်းဓာတ်ပုံ – (JUSTIN LANE/EPA)

အမေရိကန် စီးပွားရေး လုပ်ငန်းတွေ၊ အလုပ်သမားတွေ၊ အခွန်ထမ်းတွေဟာ ပါရီသဘောတူညီချက်ရဲ့ ကန့်သတ်ချက်ဒဏ်တွေကို ခံနေရလို့ အမေရိကန် အနေနဲ့ နုတ်ထွက်တာလို့ အကြောင်းပြပါတယ်။

ဒါအပြင် ထရမ့်က သူ့အစိုးရဟာ ပါရီ သဘောတူညီချက်ကို ပြန်ဝင်ဖို့ဆိုရင် စာချုပ်ပါ အချက်တွေကို ပြင်ဖို့ ညှိနှိုင်းရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ပြင်သစ်၊ ဂျာမနီ၊ အီတလီ နိုင်ငံက ခေါင်းဆောင်တွေကတော့ အဲဒီညှိနှိုင်းမယ့် ကိစ္စမျိုးကို ချက်ချင်း ပယ်ချလိုက်ပါတယ်။

ဂျာမန် အဓိပဓိ အင်ဂျလာ မာကယ်၊ တရုတ် ဝန်ကြီးချုပ် လီခချန်းတို့ကတော့ အမေရိကန် မပါလည်း ပါရီ သဘောတူညီချက်ကို ဆက်လက် လိုက်နာသွားမယ်လို့ ပြောပါတယ်။

ပါရီ သဘောတူညီချက်ကို ၂၀၁၅ ဒီဇင်ဘာမှာ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ မူဘောင် သဘောတူညီချက် (UNFCCC) အဖွဲ့ဝင် ၁၉၅ ဖွဲ့က လက်မှတ်ထိုးထားတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

၁၉၉၄ နိုဝင်ဘာလတုန်းက UNFCCC မှာ မြန်မာနိုင်ငံကလည်း အဖွဲ့ဝင်အဖြစ် လက်မှတ် ရေးထိုးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)