အကြမ်းဖက်ဖို့ ကြံစည်မှုနဲ့ အင်္ဂလန်မှာ လူနှစ်ဦးကို ဖမ်းဆီး

0
313

အင်္ဂလန်နိုင်ငံ၊ ယော့ခ်ရှိုင်းယားရှိ ဟက်ဒါစ်ဖီးလ်နဲ့ ရှက်ဖီးလ် တို့မှာ လက်နက်ကိုင် ရဲတွေ ဝင်ရောက်စီးနင်းပြီး သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၄ နှစ်ရွယ်နဲ့ အသက် ၂၉ နှစ်အရွယ် လူနှစ်ဦးဟာ အကြမ်းဖက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သံသယနဲ့ မေလ ၃၁ ရက်နေ့က အကြမ်းဖက်မှု တုံ့ပြန်ရေး ရဲတွေက ဖမ်းဆီးတာ ဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုဟာ မန်ချက်စတာ ဗုံးခွဲမှုနဲ့ မပတ်သက်ဘူးလို့လည်း အကြမ်းဖက်မှု တုံ့ပြန်ရေး အဖွဲ့က စုံထောက်တွေက ပြောကြပါတယ်။

အဲဒီလူနှစ်ယောက်ကို ရဲတွေ ဝင်ရောက်စီးနင်းဖို့ ရဲကား ၁၅ စီး၊ ရဲ အယောက် ၁၀၀ ခန့်နဲ့ ဗုံးရှင်းလင်းရေး အဖွဲ့တွေ ပါဝင်ပြီး စီးနင်းစဉ် ပေါက်ကွဲသံတွေ ကြားရတယ်လို့ ယော့ခ်ရှိုင်းယား ဒေသခံတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)