မြောက်ကိုရီးယား နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေကို နာမည်ပျက်စာရင်းသွင်းဖို့ ကုလမှာ မဲခွဲမယ်

0
296

ဒုံးကျည် စမ်းသပ်မှုတွေ ဆက်လုပ်နေလို့ မြောက်ကိုရီးယား နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေကို အမည်ပျက်စာရင်း ထပ်တိုးဖို့ အမေရိကန်နဲ့ တရုတ်ရဲ့ အဆိုပြုချက်ကို ဒီနေ့ ဇွန်လ ၂ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ကော်ယို ဘဏ်၊ ကိုရီးယားပြည်သူ့တပ်မတော်ရဲ့ မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့၊ မြောက်ကိုရီးယား သူလျှိုခေါင်းဆောင်လို့ ယူဆတဲ့ ချိုအီလ်အူး အပါအဝင် လူ ၁၄ ဦးကို ပိတ်ဆို့အရေးယူမှာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

အမည်ပျက်စာရင်း သွင်းပြီး ပိတ်ဆို့အရေးယူမှာ ကမ္ဘာတလွှားရှိ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ခရီးသွားလာခွင့် ပိတ်ပင်တာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားကို အမည်ပျက်စာရင်း ထပ်တိုးမယ့် ကိစ္စဟာ သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက် အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား လုံခြုံရေးကောင်စီမှာ ပထမဆုံး သဘောတူမှု ရတဲ့ ကိစ္စ ဖြစ်လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)