ဘရာဇီးနိုင်ငံမှာ  မှောင်ခိုလက်နက်များ  သိမ်းဆည်းရရှိ

0
290

ဘရာဇီးနိုင်ငံ ရီရို ဒီ ဂျနေရိုး မြို့ က နိုင်ငံတကာအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  စစ်တပ်ပိုင် သေနတ် ၆၀ ခန့်ကို သိမ်းဆည်းရရှိခဲ့တာပါ။

 ဒီလက်နက်တွေဟာ စုံစမ်းစစ်ဆေးဖို့ခက်တဲ့ နိုင်ငံတကာလက်နက်ရောင်းဝယ်မှု ပြုလုပ်နေသူတွေရဲ့ လက်နက် တွေဖြစ်နိုင်တယ်လို့ ဘရာဇီးရဲတွေက ပြောပါ တယ်။

အဲ့ဒီလက်နက်တွေကို   ဖလ်ာရီဒါပြည်နယ် မိုင်ရာမီက  ရေပူရေအေးစက်တင်ပို့တဲ့ ကွန်တိန်နာထဲ တွေ့ရှိခဲ့တာ ဖြစ်ပြီး သံသယရှိသူ ၄ ဦးကို ဖမ်းဆီးထားတယ်လို့လည်း ရဲဌာနက ပြောပါတယ်။

အခုတစ်ကြိမ်ဟာ လက်နက် သိမ်းဆည်းရရှိခဲ့တဲ့ အများဆုံးအကြိမ်ဖြစ်ပြီး  အဲ့ဒီလက်နက်တွေထဲမှာ Ak-47 နဲ့ AR-15 တို့ပါရှီကြောင်းနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်တွေကို ရာဇ၀တ်မှုနှိမ်နင်းတားဆီးရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ဘရာဇီးရဲဌာန က အတည်ပြုပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)