စစ်သားနှစ်ဦး အသတ်ခံရပြီး အလောင်းဖျောက်ခဲ့ကြောင်း ပါကစ္စတန်ကို အိန္ဒိယ စွပ်စွဲ

0
341

ပါကစ္စတန်စစ်တပ်က မိမိတို့စစ်သားနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို အငြင်းပွားနေတဲ့ ကက်ရှ်မီးယားပြည်နယ်မှာ ဖျောက်ဖျက်ခဲ့ကြောင်း အိန္ဒိယက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က တိုက်ခိုက်မှုမှာ ပါကစ္စတန်စစ်တပ်က အိန္ဒိယကင်းလှည့် အဖွဲ့တစ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောဆိုခဲ့တာပါ။
သတ်ဖြတ်ခံရတဲ့ အလောင်းတွေကို တစစီဖျောက်ဖျက်ပစ်တာဟာ အင်မတန်မှ စစ်သားမဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း အိန္ဒိယစစ် တပ်က ဆက်လက် ပြောဆိုခဲ့ပါတယ်။ အဆိုပါ စွပ်စွဲချက်တွေကို ပါကစ္စတန်က ငြင်းပယ်ခဲ့ပါတယ်။

သူတို့ရဲ့စစ်တပ်ဟာ အလွန်ပရော်ဖက်ရှင်နယ်ဆန်ပြီး စစ်သားတစ်ဦးကို မလေးမစား လုပ်တာမျိုးမရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ကျဆုံးစစ်သားရဲ့ အလောင်းတွေကို တစစီဖျောက်ဖျက် လိုက်တာဟာ နားမလည်နိုင်စရာကောင်းသလို လူသားမဆန်ကြောင်းလည်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အာရမ်ဂျေလေလ်က ပြောဆိုခဲ့ပါတယ်။

စစ်ပွဲကြီးတွေအတွင်းမှာတောင် အဲဒီလိုအပြုအမှုမျိုး တွေ မရှိခဲ့ကြောင်းလည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။ ကက်ရှ်မီးယား ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)