ကိုင်ရိုမှာ သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် ရဲအရာရှိသုံးဦး သေဆုံး

0
277

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ ဘယ်အဖွဲ့အစည်းမှန်း မသိရတဲ့ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိ ၃ ဦး သေဆုံးခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးက ဒီကနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

“ လုံခြုံရေးယူထားတဲ့ ယာဉ်တန်းတစ်ခုကို လက်နက်ကိုင်တွေက ကားနှစ်ဦးနဲ့ မနေ့က ၁၁.၄၅ မိနစ်ခန့်မှာ ချဉ်းကပ်ခဲ့တယ်” လို့ ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။ အဲဒီယာဉ်တန်းဟာ ကိုင်ရိုမြို့တော်နဲ့ နယူးကိုင်ရိုကို ဆက်သွယ်ထားတဲ့ လမ်းမတွေပေါ်မှာရှိနေချိန် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ ၀င်တွေက အဆိုပါ သေနတ်သမားတွေကို ပြန်လည်ပစ်ခတ်ခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်အထိ အဆိုပါ တိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း ဘယ်အကြမ်းဖက် အဖွဲ့အစည်းကမှ မပြောသေးပါဘူး။

၂၀၁၃ ခုနှစ်မှာ အစ္စလာမ်မစ် သမ္မတမိုဟာမက်မော်စီကို စစ်တပ်က ဖယ်ရှားခဲ့ပြီးနောက်မှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ရာနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့လအတွင်းက ဘုရားကျောင်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး သမ္မတအက်ဒဲလ် အဲလ်စီစီက ဧပြီလ ၁၀ရက်နေ့မှာ အရေးပေါ် အခြေအနေ သုံးလအဖြစ် ကြေညာခဲ့ပါတယ်။

တန်တာနဲ့ အလက်ဇန္ဒားမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူပေါင်း ၄၅ ဦးသေဆုံးခဲ့ရတဲ့ ဧပြီလ ၉ရက်နေ့အကြမ်းဖက်မှုဟာ သူတို့ရဲ့လက်ချက် ဖြစ်ကြောင်း အိုင်အက်စ်က ပြောဆိုခဲ့ပါတယ်။

အိုင်အက်စ်အကြမ်းဖက်ခေါင်းဆောင်အတော်များများကို စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုင်ရိုအပါအ၀င် အီဂျစ်မှာ အိုင်အက်စ်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုက မြင့်တက်လာနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)