ဖိလစ်ပိုင် လျှို့ဝှက် အကျဉ်းစခန်းကိစ္စ စုံစမ်းဖော်ထုတ်ဖို့ လိုတယ်လို့ လူ့အခွင့်အရေးအဖွဲ့ ပြော

0
279

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ မူးယစ်ဆေးဝါး ကိစ္စနဲ့ ဆက်နွှယ်ပြီး လူတစ်ဒါဇင်လောက်ကို လျှို့ဝှက် အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့အပေါ် စုံစမ်းဖော်ထုတ်ဖို့ လိုတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။

Amnesty International ရဲ့ အရှေ့တောင် အာရှနဲ့ ပစိဖိတ် ညွှန်ကြားရေးမှူး ချမ်ပါ ပါတယ် (Champa Patel) က ဒါဟာ သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကြောင့် လူ့အခွင့်အရေး အကျပ်အတည်း နက်ရှိုင်းလာတာကို သတိပေးတပ်လှန့်လိုက်တာ ဖြစ်တယ်၊ အကျဉ်းထောင်တွေဟာ လူပြည့်လျှံနေပြီး နှိပ်စက်ညဉ်းပမ်းမှုတွေ လုပ်နေတဲ့ လျှို့ဝှက် အကျဉ်းစခန်းတွေ ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

လူ ၉ ထောင်လောက်ကို သွေးအေးအေးနဲ့ သတ်ပြီး စစ်ဆေး အပြစ်ပေးမှု တစ်စုံတစ်ရာ မရှိတဲ့ အနေအထားဟာ ရယ်စရာကိစ္စ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)