ဘာသာရေး အရေးကြီးတယ်လို့ ယုံကြည်သူ ဗြိတိသျှဦးရေ ၃ ပုံ ၁ ပုံအောက် လျော့နည်း

0
426

ဘာသာရေးကို ဘဝမှာ အရေးကြီးတယ်လို့ ယုံကြည်လက်ခံသူ ဗြိတိသျှ ဦးရေဟာ ၃ ပုံ ၁ ပုံအောက် လျော့နည်းလာနေကြောင်း စစ်တမ်းသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

ဗြိတိသျှ လူဦးရေ ၃၀ ရာခိုင်နှုန်းလောက်ကပဲ ဘာသာရေးဟာ အရေးကြီးတယ်လို့ အီပဆို မိုရီ စစ်တမ်းက တွေ့ရှိခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာ ၅၃ ရာခိုင်နှုန်းနဲ့ ယှဉ်ရင် သိသိသာသာ လျော့နည်းနေတာ ဖြစ်ပါတယ်။ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ဂျပန်တို့နဲ့အတူ ဘာသာရေး အနည်းဆုံးထဲမှာ ဗြိတိန်လည်း ပါနေတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ အင်္ဂလန်နဲ့ ဝေးလ်မှာ လူဦးရေ ၁၄ ဒသမ ၁ သန်း၊ ရာခိုင်နှုန်းအရ ၄ ဦးမှာ ၁ ဦးနှုန်းဟာ ဘာသာမဲ့တွေ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ခရစ်ယာန်ဦးရေ ၇၂ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ၂၀၁၁ မှာ ၅၉ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ အစ္စလမ်အပါအဝင် တခြား ဘာသာဝင်တွေကတော့ လူဦးရေတိုးလာတာ တွေ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)