အိုဘားမားတို့ ဇနီးမောင်နှံ စာကြည်တိုက်နဲ့ ပြတိုက် တည်ထောင်မယ်

0
268

သမ္မတဟောင်း ဘားရတ် အိုဘားမားနဲ့ ဇနီး မစ်ရှဲ အိုဘားမားတို့ဟာ လူထုတွေ့ဆုံပွဲနဲ့ စာကြည့်တိုက်၊ ပြတိုက် တည်ထောင်ဖို့ ချီကာဂိုမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

စာကြည့်တိုက် တည်ထောင်ရေးမှာ လူထုထံက အကြံဥာဏ်တွေ ရယူရေးအတွက် မေလ ၃ ရက်နေ့မှာ လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်မှာ ဖြစ်တယ်လို့ အိုဘားမားဖောင်ဒေးရှင်းက ကြေညာပါတယ်။

စာကြည့်တိုက်နဲ့ ပြတိုက် တည်ဆောက်ပြီး ခင်းကျင်းရာမှာ ဒီဇိုင်းအပြင်အဆင် အားလုံးရဲ့ ထက်ဝက်ဟာ လူနည်းစုနဲ့ အမျိုးသမီးပိုင် စီးပွားရေးလုပ်ငန်းများကို အလုပ်အပ် လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။ စာကြည့်တိုက်နဲ့ ပြတိုက် စီမံကိန်းဟာ ဒေါ်လာ သန်းနဲ့ချီ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)