တောင်ကိုရီးယားမှာ အမေရိကန်ဒုံးကျည် ကာကွယ်ရေးစနစ် စတင်ပြီ

0
331

တောင်ကိုရီးယားမှာ အငြင်းပွားဖွယ်ဖြစ်နေခဲ့တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် (Thaad) စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာက ပြောပါတယ်။

အမေရိကန် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတွေက ကာကွယ်ရေးစနစ် စတင်နေပြီဖြစ်လို့ မြောက်ကိုရီးယား ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချပြီး တောင်ကိုရီးယားကို ကာကွယ်နိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အပြည့်အ၀ လုပ်ဆောင်မှုအတွက်တော့ လနဲ့ချီပြီး ကြာဦးမှာဖြစ်ကြောင်း အဆိုပါအရာရှိတွေက ဆိုထားပါတယ်။
မြောက်ကိုရီးယားရဲ့ကြိမ်ဖန်များစွာခြိမ်းခြောက်မှု၊ အမေရိကန်စစ်သင်္ဘောနဲ့ရေငုပ်သင်္ဘောတွေ ရောက်ရှိနေပြီး ကိုရီးယားကျွန်း ဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။

 

မနေ့က ပုံမှန်စစ်ရေးလေ့ကျင့်မှုဆိုပြီး အမေရိကန်ဗုံးကြဲလေယာဉ်နှစ်စင်း တောင်ကိုရီးယားလေတပ်နဲ့ တွဲဖက်လေ့ကျင့်နေခဲ့တာကိုလည်း
တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ဆီအွန်ဂျုဒေသက ဂေါက်ကွင်းဟောင်းတစ်ခုမှာ အဆိုပါဒုံးကျည် ကာကွယ်ရေးစနစ်ကို တပ်ဆင်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားက အဲဒီနေရာကို ပစ်မှတ်ထားတိုက်ခိုက်လာရင် ပြည်သူတွေ ဓားစာခံဖြစ်နိုင်တယ်ဆိုပြီး ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)