ဒုတိယ ဆစ်ဒနီ လေဆိပ်သစ် သြစတြေးလျ အစိုးရ တည်ဆောက်မယ်

0
318

ဆစ်ဒနီမြို့မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ထပ်မံ တည်ဆောက်မယ်လို့ သြစတြေးလျ အစိုးရက ကြေညာလိုက်ပါတယ်။

ဆစ်ဒနီမြို့ အနောက်ဘက် ၃၁ မိုင်အကွာ ဘက်ဒ်ဂါရီ ခရိ (Badgerys Creek) မှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကုန်ကျမယ့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တည်ဆောက်မှာ ဖြစ်ပါတယ်။

လက်ရှိ ဆစ်ဒနီလေဆိပ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက စပြီး ခရီးစဉ် ပိုမိုလိုအပ်မှုတွေ ရှိလာခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန် တန်ဘူးလ်က လေဆိပ်သစ်ဟာ ဆစ်ဒနီအတွက်ရော သြစတြေးလျ အတွက်ပါ အလွန်အရေးပါတဲ့ စီမံကိန်း ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

ဆစ်ဒနီ အနောက်ပိုင်းမှာ ၂၀၃၀ နှစ်များအထိ အလုပ်အကိုင်သစ် ၉ ထောင်ကျော်နဲ့ ရေရှည် အလုပ်အကိုင် ၆ သောင်းကျော် ဖန်တီးပေးနိုင်လိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)