သင့်လျော်တဲ့ အချိန်မှာ ကင်ဂျုံအန်းနဲ့ တွေ့မယ်လို့ သမ္မတထရန့် ပြောကြား

0
305

သင့်လျော်တဲ့ အခြေအနေတစ်ခုမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံခွင့်ရမယ်ဆိုရင် ဂုဏ်ယူစရာဖြစ်ပါလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ သဘောတူညီချက် အတော်များများကို လိုက်နာနိုင်မှ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှု ဖြစ်နိုင်လိမ့်မယ်လို့ အမေရိကန် အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်လိုလားမှုကို အမြန်ဆုံးအဆုံးသတ်သွားစေဖို့ အမေရိကန်က လိုလားနေကြောင်း ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့အင်တာဗျုးမှာတော့ သမ္မတထရန့်က ကင်ဂျုံအန်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်ခေါင်းဆောင်ဖြစ်ခဲ့ရပြီး စိတ်ပုံမှန်ဖြစ်ရဲ့လားဆိုတာ မသိနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)