အင်ဒိုနီးရှားက ကမ္ဘာ့အသက် အရှည်ဆုံး ၁၄၆ နှစ် အဘိုး ကွယ်လွန်

0
368

အင်ဒိုနီးရှားနိုင်ငံ၊ ဂျဗားကျွန်းအလယ်ပိုင်းရှိ ကျေးရွာတစ်ရွာက ကမ္ဘာ့အသက်အရှည်ဆုံး ပုဂ္ဂိုလ်လို့ ယူဆရသူ အဘိုးအိုဟာ အသက် ၁၄၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

သူ့ရဲ့စာရွက်စာတမ်း အထောက်အထားတွေအရ ဆိုဒီမက်ဒ်ဂျိုဆိုတဲ့ အဆိုပါအဘိုးအို ဟာ ၁၈၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ အင်ဒိုနီးရှား နိုင်ငံဟာ ၁၉၀၀ ပြည့်နှစ်ကျမှ မွေးစာရင်းတွေကို စနစ်တကျ ကောက်ယူနိုင်ခဲ့တာဖြစ်လို့ အစောပိုင်းမှာ အမှားအယွင်း ရှိနိုင်တယ်လို့လည်း သိရှိရပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေကတော့ အဘိုးအိုဆိုဒီမက်ဒ်ဂျိုရဲ့စာရွက်စာတမ်းတွေက ခိုင်မာမှုရှိကြောင်း ပြောဆိုခဲ့ပြီး သတင်းဌာနတွေကို အဘိုးအိုနဲ့ အင်တာဗျုးလုပ်ခွင့်ပြုခဲ့ကြပါတယ်။

အဘိုးအိုဂျိုဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ကတည်းက ကျန်းမာရေးချို့ယွင်းလာလို့ ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံတက်ပြီး ၆ ရက်အကြာမှာ အဘိုးအိုဂျိုက ဆေးရုံက ပြန်ဆင်းခဲ့ပါတယ်။ ဆေးရုံကပြန်ဆင်းပြီး နောက်ပိုင်းမှာ အစားအစာစားသောက်မှု အင် မတန်နည်းပါးခဲ့ပြီး သေဆုံးမယ့် ရက်ပိုင်းမှာ လုံးဝမစားတော့ကြောင်း အဘိုးအိုဂျိုရဲ့မြေးဖြစ်သူက ပြောပြခဲ့ပါတယ်။

အသက် ၁၄၆ နှစ်အထိ နေထိုင်ခဲ့ရတဲ့ အဘိုးအိုဂျိုက အသက်ရှည်ရခြင်းရဲ့လျို့ဝှက်ချက်ဟာ ချစ်ခြင်းမေတ္တာနဲ့ စိတ်ရှည်သည်းခံမှုတို့ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူ့ရဲ့ကျေးရွာမှာတေ့ အဘိုးအိုဂျိုက ကလေးသူငယ်တွေကို ဂျပန်နဲ့ ဒက်ခ်ျကိုလိုနီတွေအကြောင်း ပုံပြင်ဇာတ်လမ်းလို ပြောပြနိုင်တဲ့ သူရဲကောင်းပုံပြောဆရာတစ်ဦးပါပဲ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)